
နေပြည်တော် နိုဝင်ဘာ ၁၃
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ် ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။ နိုဝင်ဘာ ၁၃ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ တစ်ခုမှ Koronavac Suspension Injection ၅၀၀၀၊ ရန်ကုန်ဆိပ်ကမ်း များမှ Omac capsule ၄၀၂၆၈ ခု၊ Urisan Tablet ၁၀၁၅၂ ခု၊ Vastacine Tablet ၂၀၀၂ ခု၊ စုစုပေါင်း ၅၇၃၆ ဒသမ ၄၃ Kg၊ နယ်စပ်(မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ)တွင် ကုမ္ပဏီလေးခုမှ Mask ၁၇၈၈၅ Kg ၊ Oxygen Plant ခြောက်ခု၊ Liquid Oxygen ၁၅၃၆၂ m3 တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်