
နေပြည်တော် နိုဝင်ဘာ ၉
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ နိုဝင်ဘာ ၉ ရက်တွင် ရန်ကုန်ဆိပ်ကမ်းများမှ Inhaler ၁၈၀၀၊Raw Materials For Pharmaceuticals ၉၃၉၀၊ Blood Tubing Set For Hemodialysis ၁၁၀၄၀၊ Insulin Syringe ၁၆၂၀၀၊ Commode Wheel chair ၁၃၀၊ Wheel Chair ၃၃၅ ခု၊ Oxygen Generator တစ်ခု၊ဆေးဝါးမျိုးစုံ ၂၆ မျိုး ၉၉၅၁၅ ဒသမ ၀၁ Kg၊ နယ်စပ်(ချင်းရွှေဟော်) တွင် ကုမ္ပဏီသုံးခုမှ Sodium Chloride Injection ၃၀၃၆၃၀၊ Glucose Injection ၃၈၃၄၀၀၊ SMZ Tablet ၆၀၈၀၀၊ Tetra Capsule ၄၀၆၀၀၊ Vitamim B6 Tablet ၃၂၄၀၀၊ Power for Injection ၁၃၂၄၀၀ ခု၊ CEF-500 Capsule ၁၀၀၀၀၊ Griseofulvin Tablet ၆၀၀၀၀၊ Indo Capsule ၈၀၀၀၀၊ Piratam Capsule ၁၀၂၀၀၊ Mask ၁၆၉၀၀Kg၊ PPE ၁၈၈၀၀ တို့ကို ထုတ်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်