ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၂၂


အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊ ထိန်း ချုပ်၊  ကုသရေးပစ္စည်းများအား  ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ  နေ့စဉ်လွယ်ကူချောမွေ့စွာ  စစ်ဆေးထုတ်ပေး လျက်ရှိသည်။  ထိုသို့ထုတ်ပေးရာတွင် အောက်တိုဘာ ၂၂ ရက်၌ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီလေးခုမှ Cetirizine Hydro- chlordie Tablet ၄၈၇၂ ခု၊   R Ziric Tablet   ၉၇၂ ခု၊ Pantop Razole Injection   ၁၀၀၀၀ ၊ Enoxatil Injection  ၁၅၀၀၀ ၊ Detection Kit For Covid-19 ၁၀၅ ခု။ 

 


ရန်ကုန်ဆိပ်ကမ်းများမှ   Respirator   ၁၀၃၂၀၊  Diagnostic Ultra Sound System တစ် ခု၊ Blood Pressure Monitor ၅၇၂၀၊ Spare Part Oxygen Booster Pump တစ်ခု၊ Oxygen Plant လေးခုနှင့်   ဆေးမျိုးစုံ  ၃၆ မျိုး ၇၇၁၀၀.၄၆ Kg ။

 


နယ်စပ်(မြဝတီ၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီနှစ်ခုတို့မှ Gloves ၇၉၈၁ Kg ၊ Shoe Cover ၃၀၀ Kg ၊ Surgical Gown ၁၃၀၀၀ ခု၊ Disposable  Face  Mask  ၃၀၀၀  Kg  တို့ကို   ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။                                                         

သတင်းစဉ်