ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေး

 

နေပြည်တော်  ဇန်နဝါရီ   ၂


အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊   ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊  နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။ ဇန်နဝါရီ ၂ ရက်၌ နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီနှစ်ခုတို့မှ Sai Vitamin C Injection ၃၄၂၈၀၊ Glucose  Injection ၁၉၇၀၄ ခု၊ Sai Ibufen Tablet ၇၅၆၀၊ Paracetamol Tablet ၃၅၇၀၊ Calcium Gluconate Injection ၃၈၄၀၊ Cimetidine Injection ၃၂၄၀၊ PaI Diclo Injection  ၃၃၃၆ ခု၊ Oximeter ၃၂၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။                                                              

သတင်းစဉ်