ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေး

နေပြည်တော်    နိုဝင်ဘာ    ၁၇


အကောက်ခွန်ဦးစီးဌာန     အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး  ပစ္စည်းများအား ရေကြောင်း၊   ဆိပ်ကမ်း၊    နယ်စပ်ဂိတ်   အသီးသီးမှ    နေ့စဉ်    လွယ်ကူချောမွေ့ စွာ   စစ်ဆေး  ထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်‌ပေး ရာတွင်  နိုဝင်ဘာ ၁၇  ရက်က   ရန်ကုန် ဆိပ်ကမ်းများမှ      ဆေးဝါးမျိုးစုံ    ၃၄ မျိုး စုစုပေါင်း ၅၉၇၁၇ ဒသမ  ၇၇၅ Kg ၊   နယ်စပ်   (မြဝတီ၊  ချင်းရွှေဟော်)   တွင်   ကုမ္ပဏီ   လေးခုမှ Sodium Chloride Injection ၁၃၃၂၀၀၊  Glucose  Injection  ၈၈၀၁၄  ခု၊  Diclo Injection ၂၆၀၄၀၊ PAI C Pen (Powder For  Injection) ၁၂၀၀၀၊  SAI  P Pen (Powder For   Injection) ၁၇၈၀၊ Paracetamol Tablet ၁၀၅၀၊ DEXA-2 Injection ၆၄၂၀၀၊ Mask ၁၇၈၄၄ kg ၊ Liquid Oxygen ၁၃၂၃၁ m3 ၊ PPE  ၄၄၀ ၊ Gloves ၆ kg တို့ကို    ထုတ်ပေးခဲ့ကြောင်း   သတင်း ရရှိသည်။

 သတင်းစဉ်