ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး  ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ် စစ်ဆေးထုတ်ပေး

 

 

နေပြည်တော်  ဇန်နဝါရီ  ၃
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉  ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး  ပစ္စည်းများ ကို   ရေကြောင်း၊  လေကြောင်း၊ ဆိပ်ကမ်း၊  နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်     လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိသည်။ ဇန်နဝါရီ   ၃ ရက်၌   ရန်ကုန် ဆိပ်ကမ်းများမှ Infusion Set ၂၂၀၀၀၊ Blood Transfusion Set ၅၀၀၀၊ Regulator Set ၁၀၀၀၀၊ ဆေးဝါးမျိုးစုံ ကိုးမျိုး၊ စုစုပေါင်း ၁၄၈၉၁ ဒသမ ၇၁ Kg၊ နယ်စပ် (မြဝတီ၊   ချင်းရွှေဟော်)  တွင် ကုမ္ပဏီသုံးခုတို့မှ Syringe ၁၂၄၆၄ ခု၊ Infusion ၂၄၂၀၊ Apron ၁၀၀၀၊ Pai Ampi Powder For Injection ၂၁၄၄၀၊ Diclo Injection ၁၆၈၈၀၊ Liquid   Oxygen   ၁၅၃၃၈ m3 တို့ကို      ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။                                                             
သတင်းစဉ်