
နေပြည်တော် အောက်တိုဘာ ၈
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့် ပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိသည်။ အောက်တိုဘာ ၈ ရက်၌ ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီနှစ်ခု မှ Becozinc Capsule ၁၅၁၉၃၆ ခု၊ Atocor Tablet ၁၀၇၈၁၆ ခု၊ Cardioprill Tablet ၂၅၅၁ ခု၊ Osetron 4 Injection ၃၉၃၆ ခု၊ Reclide Tablet ၄၅၅၇၆ ခု။
ရန်ကုန်ဆိပ်ကမ်းများမှ Elastic Crepe Bandage အခု ၂၄၀၊ Orthopaedic Casting Tape အခု ၁၃၂၀ ၊ Bandage အခု ၇၈၉၀၊ Digital Thermometer အခု ၃၀၀၀ ၊ Ear Thermometer အခု ၂၀၊ Blood Pressure Monitor အခု ၅၀ ၊ Digital Weight Scale အခု ၅၀ ၊ Automatic Blood Pressure Monitor အခု ၂၀၀၊ Blood Line Set For Hemodialysis အခု ၁၂၉၆၀၊ Oxygen Cylinder အခု ၂၁၉၀၊ Oxygen Flow Meter အခု ၁၆၀၀ နှင့် ဆေးဝါးမျိုးစုံ ၇၆ မျိုး ၂၂၇၂၉၂.၀၈ Kg ။
နယ်စပ်(မြဝတီ၊ ချင်းရွှေဟော်)တွင် ကုမ္ပဏီနှစ်ခုတို့မှ Oxygen Concentrator ၁၅၂ ခု ၊ Liquid Oxygen ၁၄၆၉၂ m3 တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်