ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်  အောက်တိုဘာ  ၆


အကောက်ခွန်ဦးစီးဌာနအနေဖြင့်    ကိုဗစ်-၁၉    ရောဂါ     ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့် ပစ္စည်းများအား  လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။ အောက်တိုဘာ ၆ ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်  ကုမ္ပဏီလေးခုမှ  Cardivas 6.25 MG Tablet  အခု ၄၉၉၅၀၊  Dronis Tablet  ၁၆၇၁ ခု၊ Rozavel 5 MG Tablet အခု ၁၀၀၀၀၊ Tetglob 250 IU Injection အခု ၃၀၀၊ Rhoclone 300 MG Injection အခု ၂၀၀၊ Endoprost 250 MG Injection အခု ၃၀၀၊ Luprodex 3.75 MG Powder For Injection အခု ၅၀၀၊ U- Trap 100000 IU Injection ၁၀၅၆ ခု၊ Equirab 1000 IU  Injection အခု ၁၀၀၀၊ Gamma-IV 5 Injection အခု ၂၀၀၊ Stimuno (Syrup) အခု ၄၅၀၀၊ Prezinton Injection အခု ၁၀၀၀၀၊ T Riacef 1G Powder For Injection အခု ၅၀၀၊ Safetin 10 MG Tablet အခု ၂၅၀၀၊ Starcef 200 MG Capsule အခု ၉၀၀၀၊ Voneta ၁၀၀၀၅ ခု၊ Medixon 16 MG Tablet ၁၃၃၁၉ ခု၊ Tripenem Powder For Injection အခု ၁၈၀၀၊ Oxygen Concentrator အခု  ၅၀၊  ရန်ကုန်ဆိပ်ကမ်းများမှ   Medical Device  ၁၁၀၀၇၅ ခု၊ Clean Gel Hand Sanitizer အခု ၁၅၀၀၊ Surgical Instruments ၂၈၂၉ ခု၊ Oxygen Regulator အခု ၁၀၀၀၊ Oxygen Concentrator အခု ၂၀၊ Surgical Mask အခု ၆၉၄၀၀၀ နှင့်  ဆေးဝါး မျိုးစုံ ၈၆ မျိုး  (၂၄၆၃၈၃ ဒသမ ၁၂၈ Kg) ၊ နယ်စပ် (မြဝတီ၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီ သုံးခုတို့မှ Mask ၅၅၀၀ Kg ၊ Liquid Oxygen ၁၄၉၃၈ m3၊ Oxygen Plant နှစ်ခု တို့ကိုထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်