ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး  ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်  စက်တင်ဘာ  ၂၁


အကောက်ခွန်ဦးစီးဌာနအနေဖြင့်     ကိုဗစ်-၁၉  ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများကို   ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ   စစ်ဆေး ထုတ်ပေးလျက်ရှိသည်။ 
စက်တင်ဘာ ၂၁  ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်  ကုမ္ပဏီ  သုံးခုမှ  D Parin-E Injection(Enoxaparin Sodium) အခု ၂၈၀၀၀၊  Pimcef Injection အခု ၂၀၀၀၊ Merofenem Injection  အခု ၁၅၀၀၊ Ronem Injection  အခု ၁၅၀၀၊ Clavox Tablets  အခု ၆၀၀၀၊ Pantotec Injection   အခု ၃၁၀၀၀၊   Otide Injection အခု ၁၀၀၀၊ Azitec (Azithromycin)အခု ၂၀၀၀၀၊ Sol-U-Pred Injection  အခု ၃၀၀၀၀၊ Cefepime Injection အခု  ၄၀၀၀၊ Tazin Injection အခု ၃၀၀၀၊ Dorvit- C(Vitamin C) အခု ၁၂၈၀၀။
ရန်ကုန်ဆိပ်ကမ်းများမှ Face Shield ၄၂၃၅ ခု၊ Mask အခု ၄၄၀၀၊ Oxygen Tube  အခု ၄၀၀၊    Oxygen  Mask   အခု ၂၀၀၊    Inhaler  ၁၆၃၈ ခု၊ Revolizer အခု ၁၅၆၀၊ Oxygen Concentrator ၄၄၁ ခု၊ Oxygen Cylinder အခု ၂၆၈၀၊ Oxygen Plant ၁၉ ခု၊ Regulator အခု ၂၀၀၀ နှင့်  ဆေးဝါးမျိုးစုံ ၃၈ မျိုး (၂၇၃၈၃၉ ဒသမ ၂၄ Kg)။
နယ်စပ်(မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်)တွင် ကုမ္ပဏီ ခြောက်ခု တို့မှ Oxygen Cylinder အခု ၇၁၀၊ Mask ၃၄၀၀၀ Kg၊ Liquid Oxygen  တန် ၂၀၊   Flow Meter/Regulator ၄၅ ခု၊   Oxygen Plant နှစ်ခု၊ Gloves ၂၆၃၀၀ Kg၊ Trolley ၁၀ ခု၊ Menaphthone Sodium Bisulphateusp  Injection ၂၀၀၀ Kg ၊ Powder For Injection ၁၆၆၃၂ Kg၊  Diclofence Injection ၉၉၀၀ Kg၊  Spirometer  အခု ၈၀၀   တို့ကိုထုတ်ပေးခဲ့ကြောင်း  သတင်းရရှိသည်။               သတင်းစဉ်