ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး  ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ


 

နေပြည်တော် နိုဝင်ဘာ ၁၅
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ် ဂိတ်အသီးသီးမှ  နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိ သည်။ ထိုသို့ထုတ်‌ပေးရာတွင်  နိုဝင်ဘာ ၁၅ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ Oxygen Plant ငါး ခု၊ Cylinder ၂၀၀၊ ‌ ဆေးဝါးမျိုးစုံ ၅၀   စုစုပေါင်း ၁၁၇၉၁၂ ဒသမ ၇၈ Kg၊ နယ်စပ်(ချင်းရွှေဟော်၊ ကန်ပိုက်တီး)တွင် ကုမ္ပဏီ ခုနစ်ခုမှ Glucose Injection ၄၃၆၇၀၊ Sodium Chloride Injection ၂၀၉၈၄၀၊ Syringe ၁၈၇၁၄ ခု၊ Infusion  ၁၂၈၉၆ခု၊ Mask ၅၀၀၉၂ Kg ၊Sterile Hemodialysis Blood Circuits ၇၂၀၊ Pai Booster Capsule ၂၉၇၃၃ ခု၊ Oxygen Plant တစ်ခုတို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်