ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်  အောက်တိုဘာ    ၂၄


အကောက်ခွန်ဦးစီးဌာနအနေဖြင့်   ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား  ရေကြောင်း၊    လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ  နေ့စဉ် လွယ်ကူချောမွေ့စွာ  စစ်ဆေး ထုတ်ပေးလျက်ရှိသည်။  ထိုသို့ထုတ်ပေးရာတွင် အောက်တိုဘာ ၂၄ ရက်၌ နယ်စပ်(မြဝတီ၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီနှစ်ခုတို့မှ   Syringe ၂၆၉၆၈ ခု၊ Fistula Needle Set ၂၀၀၊ Hemoclialusis   Blood  Circuits ၈၄၀၊ Medical Adhesive Tape ၁၃၇၆၀၊ Mask ၂၉၆၁ Kg၊ Liquid Oxygen  ၁၅၃၃၁ m3 တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။                      

                                          
သတင်းစဉ်