ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းလျက်ရှိ

 

နေပြည်တော်   ဇူလိုင်   ၂၃


လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများကို  တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာ ရေးဌာနများနှင့်  ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိရာ ယင်းလုပ်ငန်းများတွင်  အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက် ထောက်ပံ့လှူဒါန်းပေးလျက်ရှိသည်။

 


ထိုသို့ ပေးအပ်လှူဒါန်းလျက်ရှိရာ  ဇူလိုင် ၁  ရက်မှ ယနေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများ၊    ဘာသာရေး ကျောင်းများ၊  စာသင်ကျောင်းများနှင့်    ဒေသခံပြည်သူလူထုများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက အောက်ဆီဂျင်အိုး ၄၆၉၁ လုံး၊ Mask ၃၂၄၄၈၂ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၁၈၀၀၊ Hand Gel ၇၀၃ ဘူး၊ Face Shield အခု ၂၀၀၊   လက်ဆေးဆပ်ပြာရည်လေးပုံး၊    လက်အိတ် Surgical Gloves အစုံ ၂၀၅၀၊  ခေါင်းစွပ် အခု ၂၉၀၀၊ ဆေးပစ္စည်းများ၊ စက်သုံးဆီများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများ၊ အလှူငွေများကို သွားရောက်ပေးအပ်လှူဒါန်းနိုင်ခဲ့ကြောင်းနှင့်   ဆက်လက်ပေးအပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်