
ရန်ကုန် ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေးအထောက်အကူပြုပစ္စည်း များနှင့် အလှူငွေများ လှူဒါန်းခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ဒီဇင်ဘာ ၈ ရက်က ကျင်းပသည်။
အခမ်းအနားတွင် (ရတနာကောင်းကင်ကုမ္ပဏီ) မိသားစုက ကျပ်သိန်းတစ်ထောင်တန်ဖိုးရှိ အောက်ဆီဂျင်အရည်တန် ၂၀ TANK နှင့် တစ်နေ့လျှင် အောက်ဆီဂျင်လီတာ ၄၀ ဆံ့ အလုံး ၁၀၀၀ ထုတ်ပေး နိုင်သောစက်၊ (Focus Star ကုမ္ပဏီအုပ်စုနှင့် KTR ကုမ္ပဏီလီမိတက်တို့က ငွေကျပ် ၉၈၃ သိန်းကျော်တန်ဖိုးရှိ အောက်ဆီဂျင်အရည် ၁၇၅ ဒသမ ၆ တန်၊ ရွှေဗျိုင်းဖြူကုမ္ပဏီက ငွေကျပ် ၉၃၆ သိန်းတန်ဖိုးရှိ အောက်ဆီဂျင် အရည်တန် ၁၆၀၊ Chain Family Assets ကုမ္ပဏီလီမိတက်က ငွေကျပ် ၃၅၁ သိန်းတန်ဖိုးရှိ အောက်ဆီဂျင်အရည်တန် ၆၀၊ Paing Family ကုမ္ပဏီလီမိတက်က ငွေကျပ် ၃၅၁ သိန်းတန်ဖိုးရှိ အောက်ဆီဂျင်အရည် တန် ၆၀ ၊ အလှူရှင်လေးဦးက တစ်ဦးလျှင် ငွေကျပ် ၂၃၄ သိန်း တန်ဖိုးရှိ အောက်ဆီဂျင်အရည်တန် ၄၀ စီ၊ အလှူရှင် ၁၉ ဦးက တစ်ဦးလျှင် ငွေကျပ် ၁၁၇ သိန်းတန်ဖိုးရှိ အောက်ဆီဂျင်အရည်တန် ၂၀ စီ၊ အလှူ ရှင်တစ်ဦးက ငွေကျပ် သိန်း ၁၀၀ ၊ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်က အလှူငွေကျပ် ၁၀ သိန်း နှင့် ငွေကျပ် ၄၅၀၀၀၀ တန်ဖိုးရှိ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းကာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးနှင့် တာဝန်ရှိသူများက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ပြီး ဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြောကြားသည်။
ဆန်းကျော်ဦး( ပြန်/ဆက်)