ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၉၂ ဦး တွေ့ရှိ

 

(၃၀-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွား အလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉  ရောဂါ  ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၉-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၁၉၇) ခုအား စစ်ဆေးပြီးစီး ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်  (၉၂)  ဦး တွေ့ရှိရပါသည်။ ထို့ကြောင့်  ယနေ့အတွက်   ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁) ရာခိုင်နှုန်းရှိပါသည်။ 
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၆၃၉,၈၄၄) ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၈,၈၁၈) ဦး ရှိပြီဖြစ်ပါသည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့်   ဆေးရုံများတွင်    သီးခြားထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၈၂) ဦး ရှိသဖြင့်   ယနေ့အထိ   ပြန်လည်ကောင်းမွန်လာသူ   စုစုပေါင်း (၆၁၇,၇၇၄)   ဦး  ရှိပြီ    ဖြစ်ပါသည်။    ယနေ့တွင်   ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ မရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၉၄) ဦး ရှိပါသည်။
ကိုဗစ်-၁၉    ရောဂါဆိုင်ရာ    သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာန