ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၇၆ ဦး တွေ့ရှိ

 

(၉ - ၆ - ၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ

 

ကျန်းမာရေးဝန်ကြီးဌာနသည်    ကိုဗစ်-၁၉    သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွား အလာကန့်သတ်ထားရှိသူများအား   ကိုဗစ်-၁၉ ရောဂါ   ရှိ၊   မရှိ ဓာတ်ခွဲစစ်ဆေးခြင်း    ပုံမှန်ဆောင်ရွက်လျက်ရှိပြီး   (၈-၆-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၉-၆-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၄၂၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉   ရောဂါ    ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၆) ဦး   တွေ့ရှိ ရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၁.၀၂) ရာခိုင်နှုန်း ရှိသည်။ 
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၇၁၉,၀၆၅) ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉  ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၉,၅၅၁) ဦး ရှိပြီဖြစ်သည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိ ခြင်းနှင့်    ဆေးရုံများတွင်     သီးခြားထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင်  ပြန်လည်ကောင်းမွန်လာသူ (၆၂) ဦး  ရှိသဖြင့်   ယနေ့အထိ    ပြန်လည်ကောင်းမွန်လာသူ   စုစုပေါင်း (၆၁၈,၄၆၀) ဦး   ရှိပြီဖြစ်ပါသည်။   ယနေ့တွင်   ကိုဗစ်-၁၉   ရောဂါ ဖြင့်   သေဆုံးသူ    မရှိသဖြင့်    ယနေ့အထိ   သေဆုံးသူစုစုပေါင်း (၁၉,၄၉၄) ဦး ရှိပါသည်။
ကိုဗစ်-၁၉   ရောဂါဆိုင်ရာ   သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန