ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့်  သီးသန့်စောင့်ကြည့်ရမည့်သူများကို ကိုဗစ်စင်တာများ၌  စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

 

 

နေပြည်တော်  နိုဝင်ဘာ  ၃၀    
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန် အတွက်  တိုင်းစစ်ဌာနချုပ်  နယ်မြေအသီးသီးရှိ  တပ်မတော်ဆေးရုံများ၊  နယ်မြေခံ သင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးလျက်ရှိသည်။    
ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၅ ဦး နှင့် အမျိုးသမီး ကိုးဦး စုစုပေါင်း ၂၄ ဦးတို့ကို လက်ခံထားရှိကြောင်း သိရှိရသည်။
အဆိုပါ    စောင့်ကြည့်လူနာများနှင့်     ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ   နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့်  တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။                        သတင်းစဉ်