
နေပြည်တော် အောက်တိုဘာ ၂၄
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ များနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံ သင်တန်းကျောင်းများ၊ စစ်ကြော ရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျ လက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ လက်ခံဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့် စောင့်ကြည့်ရမည့်သူ အမျိုးသား ၉၃ ဦးနှင့် အမျိုးသမီး ၆၀ စုစုပေါင်း ၁၅၃ ဦးကို လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာ အမျိုးသား နှစ်ဦးနှင့် အမျိုး သမီး နှစ်ဦး စုစုပေါင်း လေးဦးကို လည်းကောင်း လက်ခံထားရှိ ကြောင်း သိရသည်။
အဆိုပါ စောင့်ကြည့်လူနာများ နှင့် ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန် ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်