ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား  ကိုဗစ်စင်တာများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

 

 

နေပြည်တော်   ဒီဇင်ဘာ   ၆    
ကိုဗစ်-၁၉    ရောဂါ   အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ  တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်း ကျောင်းများ၊     စစ်ကြောရေးနှင့်   တည်းခိုရေး စခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး  လျက်ရှိသည်။ 
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြား ဌာနဆိုင်ရာ   တာဝန်ရှိသူများ၊   ပရဟိတအဖွဲ့ အစည်းများ၊     တာဝန်သိ   ပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။ 
ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့ည   ၇  နာရီထိ  နေပြည်တော် စစ်ကြော ရေးနှင့်    တည်းခိုရေးစခန်း၌   သီးသန့်စောင့် ကြည့်ရမည့်သူ   အမျိုးသား  ရှစ်ဦးနှင့်  အမျိုး သမီး ရှစ်ဦး၊  စုစုပေါင်း ၁၆ ဦးတို့ကို လက်ခံ ထားရှိကြောင်း သိရှိရသည်။
အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြု    ပိုးတွေ့လူနာများ၏    နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို       သက်ဆိုင်ရာ     တိုင်းစစ် ဌာနချုပ်များရှိ    နယ်မြေခံ   ဆေးကုသရေး အဖွဲ့များနှင့်    တာဝန်ရှိသူများက   ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း      သတင်း ရရှိသည်။
 သတင်းစဉ်