ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် အသီးသီး၌ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်

နေပြည်တော်   ဇူလိုင်    ၁၃


အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease  2019  (COVID-19)   ကာကွယ်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်က    ကိုဗစ်-၁၉    ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊   ကုသရေးဆိုင်ရာ  ညှိနှိုင်းအစည်းအဝေး တွင်      “ကန့်သတ်စောင့်ကြည့်ရမည့်သူများကို နေရာဒေသအလိုက် ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံ လုံးရှိ တပ်ရင်း/တပ်ဖွဲ့ အသီးသီး၌ ပြင်ဆင်ဆောင်ရွက်  ထားရှိရမည်ဖြစ်ကြောင်း” လမ်းညွှန်မှာကြားချက် နှင့်အညီ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့်  သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ်  နယ်မြေအသီးသီးရှိ  တပ်မတော် ဆေးရုံများ၊       နယ်မြေခံသင်တန်းကျောင်းများ၊  စစ်ကြောရေးနှင့်  တည်းခိုရေးစခန်းများ၌  ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိသည်။ 


ထို့ပြင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ပရဟိတ အဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း ၍လည်း    သက်ဆိုင်ရာမြို့နယ်များ၌    ကန့်သတ်  စောင့်ကြည့်ရေးစခန်းများကိုလည်း      ပြင်ဆင် ဆောင်ရွက်လျက်ရှိပြီး ယင်းသို့ဆောင်ရွက်ပေးနေမှု များကို  သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ တိုင်းမှူး များနှင့်  တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍   လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
လက်ခံထားရှိ


ထိုသို့ ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ည  ၇  နာရီအထိ   နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌   သီးသန့်စောင့်ကြည့်ရမည့်သူ  အမျိုးသား ၇၅ ဦးနှင့် အမျိုးသမီး ၄၃ ဦး စုစုပေါင်း ၁၁၈ ဦးအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး   လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌  ဓာတ်ခွဲအတည်ပြု  ပိုးတွေ့လူနာ အမျိုးသား ၆၅၆ ဦးနှင့် အမျိုးသမီး ၂၇၈ ဦး စုစုပေါင်း  ၉၃၄ ဦးကို လည်းကောင်း၊   ရဲမွန်တပ်မြို့ရှိ    နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ကိုးဦးနှင့်  အမျိုးသမီး  ၉၇  ဦး   စုစုပေါင်း   ၁၀၆   ဦးအား လည်းကောင်း လက်ခံထားရှိကြောင်း သိရသည်။


အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့်  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို  သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ    နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်       အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။ 


သတင်းစဉ်