ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ကိုဗစ်စင်တာများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ  ၂၀


ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက်       တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊  နယ်မြေခံသင်တန်းကျောင်းများ၊  စစ်ကြောရေး နှင့်  တည်းခိုရေးစခန်းများ၌   စနစ်တကျလက်ခံ၍   ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ 

 


ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ   ယနေ့    ည  ၇ နာရီအထိ   နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့် ရမည့်သူ အမျိုးသား ၆၂ ဦးနှင့် အမျိုးသမီး ၅၂ ဦး စုစုပေါင်း ၁၁၄ ဦးကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား လေးဦး နှင့် အမျိုးသမီး သုံးဦး စုစုပေါင်း ခုနစ်ဦးကိုလည်းကောင်း လက်ခံထား ရှိကြောင်း  သိရသည်။

 


အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများ၏ နေထိုင်စားသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို   သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ    နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။      

                        သတင်းစဉ်