ကိုဗစ် - ၁၉ နှင့် မိုးခေါင်ရေရှားခြင်းတို့ကြောင့် အငတ်ဘေးနဲ့ ကြုံတွေ့နေရတဲ့ ဆိုမာလီယာ 

Type
00


 

လင်းဟန်သစ်

 

ကမ္ဘာတစ်ဝန်းကိုဗစ်-၁၉ ဗိုင်းရပ်စ်သစ်ကူးစက်ပျံ့နှံ့မှုနဲ့အတူ တချို့ နိုင်ငံတွေဆိုရင် အငတ်ဘေးတွေနဲ့တောင် ရင်ဆိုင်နေရပါတယ်။ အငတ်ဘေးနဲ့ကြုံတွေ့နေရတဲ့ တောင်ဆူဒန်၊ အာဖဂန်နစ္စတန်နိုင်ငံနဲ့  ဆိုမာလီယာနိုင်ငံဖြစ်ပါတယ်။ ဆိုမာလီယာအကြောင်းကို   မဖော်ပြခင် တောင်ဆူဒန်နဲ့   အာဖဂန်နစ္စတန်နိုင်ငံတို့အကြောင်း  အနည်းငယ် ဖော်ပြလိုပါတယ်။ 
တောင်ဆူဒန် 
လွန်ခဲ့တဲ့ ၁၀ နှစ် ဆူဒန်ကခွဲထွက်ပြီး  လွတ်လပ်ရေးရရှိခဲ့ချိန်မှစကာ တောင်ဆူဒန်နိုင်ငံဟာ အခုချိန်မှာတော့ အစားအစာမလုံလောက်မှု အဆင့်သတ်မှတ်ချက်မှာ    အမြင့်ဆုံးရောက်ရှိလာတဲ့အခြေအနေနဲ့  ရင်ဆိုင်နေရပါတယ်။
စုစုပေါင်း ပျမ်းမျှလူဦးရေ ၁၂ ဒသမ ၇၈ သန်းရှိတဲ့ တောင်ဆူဒန် နိုင်ငံမှာ ၆၀ ရာခိုင်နှုန်းကျော်ဟာ အလွန့်ကို ဆိုးရွားစွာနဲ့ အစားအစာ မလုံလောက်မှုကို ခံစားနေရပါတယ်။ 
ပဋိပက္ခအကျပ်အတည်းတွေ၊ ရုတ်တရက် ရာသီဥတုပြောင်းလဲ ဖြစ်ပေါ်မှုတွေ၊ ရွှေ့ပြောင်းနေထိုင်ရမှုတွေ၊ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ် လာတဲ့ လူမှုစီးပွားရေးရိုက်ခတ်မှုတွေ၊ အခြေခံအဆောက်အအုံတွေနဲ့ အခြေခံဝန်ဆောင်မှုတွေအပေါ်မှာ    ရင်းနှီးမြှုပ်နှံမှုမရှိတဲ့အတွက် အခုလိုအငတ်ဘေးနဲ့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 
တောင်ဆူဒန်မှာ လတ်တလောလူပေါင်း ၈ ဒသမ ၃ သန်း အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ် လျက်ရှိပါတယ်။ အဲဒီထဲမှာ ကလေးငယ် ၁ ဒသမ ၄ သန်း ပါဝင် ပါတယ်။
အာဖဂန်နစ္စတန် 
ထို့အတူ   အာဖဂန်နစ္စတန်မှာရှိတဲ့   လူထက်ဝက်ကျော်ဟာ လာမယ့်လတွေမှာ အထူးစိုးရိမ်ဖွယ် အငတ်ဘေးနဲ့ ရင်ဆိုင်ရမယ်လို့ ကုလသမဂ္ဂအစားအစာနဲ့     စိုက်ပျိုးရေးအဖွဲ့  (အက်ဖ်အေအို)   နဲ့ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (ဒဗလျူအက်ဖ်ပီ) က ပြောကြားလိုက် ပါတယ်။
၂၀၂၁ ခုနှစ်ဆောင်းဦးရာသီနဲ့ ၂၀၂၂ ခုနှစ် မတ်လကြား အာဖဂန် နစ္စတန်နိုင်ငံရဲ့ နောက်ဆုံးစားနပ်ရိက္ခာ လုံခြုံမှုအဆင့်ခွဲခြားသတ်မှတ် ချက်အစီရင်ခံစာအရ အငတ်ဘေးရင်ဆိုင်ရတော့မယ့် အာဖဂန်ပြည်သူ ၂၂ ဒသမ ၈ သန်း ရှိလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ 
ဒီလို အခြေအနေဆိုက်ရောက်လာခြင်းရဲ့ နောက်ကွယ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ အကျိုးသက်ရောက်မှုသာမက တခြားအရေး ကြီးတဲ့အချက်တွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ မိုးခေါင် ရေရှားမှုတွေ၊ နိုင်ငံရေးပဋိပက္ခတွေနဲ့ ရေရှည်ဖြစ်ပေါ်နေတဲ့ စီးပွားရေး အကျပ်အတည်းတွေပဲဖြစ်ပါတယ်။
ဆိုမာလီယာ 
အလားတူ    ဆိုမာလီယာနိုင်ငံမှာလည်း    လေးယောက်မှာ တစ်ယောက်နီးပါး အရေးပေါ် ဆာလောင်မွတ်သိပ်ခြင်းတွေနဲ့ ရင်ဆိုင် နေရပါတယ်။ မိုးခေါင်ရေရှားခြင်းက ပဋိပက္ခတွေနဲ့အကျပ်တွေ့နေတဲ့ နိုင်ငံရဲ့ အခြေအနေကို ပိုဆိုးစေခဲ့ပါတယ်။ 
ဒီအကျပ်အတည်းက   ပိုပြီးဆိုးလာနိုင်ပါတယ်။    ၂၀၂၂ ခုနှစ် မေလလောက်မှာ လူပေါင်း ၄ ဒသမ ၆ သန်းလောက် အစားအစာအကူ အညီကို အရေးပေါ်လိုအပ်မှာဖြစ်တယ်လို့ ကုလသမဂ္ဂက သတိပေး ပြောကြားခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ ကျော်လောက်အတွင်း ဆိုမာလီယာ နိုင်ငံမှာ သုံးရာသီဆက်တိုက် မိုးခေါင်ရေရှားဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ လည်း မိုးရွာသွန်းဖို့ မကျိန်းသေတဲ့အခြေအနေကို ခန့်မှန်းတွက်ချက် ပြီးနောက်မှာတော့ အခုလို ကုလသမဂ္ဂက သတိပေးခဲ့တာဖြစ်ပါတယ်။
အစားအစာ၊  ရေနဲ့ မြေအာဟာရပြတ်တောက်မှုက လူပေါင်း ၁၆၉၀၀၀ ခန့်ကို  အိုးပစ်  အိမ်ပစ် ထွက်ပြေးစေပါတယ်။ ဒီအခြေ အနေနဲ့ဆိုရင် ခြောက်လအတွင်းမှာ အခုလို အိုးပစ်အိမ်ခွာထွက်ပြေးတဲ့ သူအရေအတွက်ဟာ ၁ ဒသမ ၄ သန်းလောက် ရှိလာနိုင်ပါတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို အဆိုးရွားဆုံးခံစား
မကြာသေးမီနှစ်များအတွင်းမှာ     သဘာဝဘေးဒုက္ခတွေဟာ    အိုးပစ်အိမ်ခွာထွက်ပြေးစေခြင်းရဲ့ အဓိကအကြောင်းတရားတစ်ခု ဖြစ်ပါတယ်။ စစ်ပွဲကြောင့် ထောင်းထောင်းကြေနေတဲ့ ဆိုမာလီယာနိုင်ငံ ဟာ  ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို   အဆိုးရွားဆုံး  ခံစားနေရတဲ့ ကမ္ဘာ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
အသက် ငါးနှစ်အောက် ကလေးငယ်ပေါင်း ၃၀၀၀၀၀ လောက်ဟာ လာမယ့်လအတွင်းမှာ   ဆိုးရွားတဲ့  အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်ရနိုင် ပါတယ်။ 
ပျက်စီးသွားကြလိမ့်မယ်
အချိန်နဲ့တစ်ပြေးညီ မိမိတို့မကူညီဘူးဆိုရင် သူတို့တွေ ပျက်စီး သွားကြလိမ့်မယ်လို့ ဆိုမာလီယာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး အဒမ်အက်ဘ်ဒယ်မိုလာက ပြောကြားခဲ့ပါတယ်။ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ ကုလသမဂ္ဂက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ (၁ ဒသမ ၃ ဘီလီယံ ယူရို)နီးပါး ရန်ပုံငွေမတည်ဖို့ တောင်းဆိုလိုက်ပါတယ်။
ဆိုမာလီယာနိုင်ငံရဲ့ လူဦးရေ ၁၅ ဒသမ ၉ သန်းရဲ့ ထက်ဝက်ပမာဏ နီးပါးလောက်ဖြစ်တဲ့ လူဦးရေ ၇ ဒသမ ၇ သန်းဟာ ၂၀၂၂ ခုနှစ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနဲ့ကာကွယ်ပေးမှု လိုအပ်မှာဖြစ်ပါတယ်။ 
အငတ်ဘေးနဲ့ကြုံတွေ့ပြီး သေဆုံးနေပြီ
ဆိုမာလီ ၁၀ ယောက်မှာ  အနည်းဆုံး   ခုနစ်ယောက်လောက် ဆင်းရဲမှုအခြေပြမျဉ်းအောက်မှာ ချို့တဲ့စွာ နေထိုင်ကြရမှာဖြစ်ပါတယ်။ ထို့အတူ မိုးခေါင်ရေရှားခြင်းကလည်း ရှိရင်းစွဲဆိုးရွားနေတဲ့ လူနေမှု ဘဝကို ပိုမိုဆိုးစေမှာဖြစ်ပါတယ်။ ကောက်ပဲသီးနှံထုတ်လုပ်မှုတွေ လျော့နည်းကျဆင်းလာတဲ့နည်းတူ     မိသားစုအတော်များများရဲ့ မွေးမြူရေးတွေလည်း ဆုံးရှုံးမှုတွေရှိလာမှာ ဖြစ်ပါတယ်။ 
လူသားချင်းဆိုင်ရာ    စာနာထောက်ထားမှုအကူအညီတွေကို ချက်ချင်းမပေးရင် ဆုံးရှုံးမှုအန္တရာယ်တွေကို ပိုပြီးရင်ဆိုင်ရနိုင်ပါတယ်။ ကလေးတွေ၊ အမျိုးသမီးတွေ၊ လူကြီးတွေဟာ အငတ်ဘေးနဲ့ကြုံတွေ့ပြီး သေဆုံးနေပြီဖြစ်တယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝန်ကြီး ခါဒီဂျာဒီရီယီက ပြောပါတယ်။ 
အစားအစာနဲ့ ရေပြတ်တောက်ခြင်းက ပဋိပက္ခတွေ ပိုမိုဖြစ်ပွား
ဆိုမာလီယာအစိုးရဟာ မိုးခေါင်ရေရှားခြင်းကို လူသားချင်းဆိုင် ရာ အရေးပေါ်အခြေအနေအဖြစ် လွန်ခဲ့တဲ့လက ကြေညာခဲ့ပါတယ်။
မိုးခေါင်ခြင်းနဲ့   လျှပ်တစ်ပြက်ရေကြီးခြင်းတွေက    ကင်ညာနဲ့ တောင်ဆူဒန်နိုင်ငံတွေကို အကြီးအကျယ် ဖရိုဖရဲပျက်စီးစေပါတယ်။ ရာသီဥတုအခြေအနေပေါ်   များစွာမှီခိုအားထားနေရပြီး   လယ်ယာ စိုက်ပျိုးခြင်းနဲ့ မွေးမြူရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေရတဲ့ ပြည်သူ တွေဟာ   ရာသီဥတုဘေးဒုက္ခအကျပ်အတည်းကို   အတော်လည်း ရုန်းကန်လှုပ်ရှားနေရပါတယ်။ 
အစားအစာနဲ့ ရေပြတ်တောက်ခြင်းက ပြည်သူတွေကို ပဋိပက္ခ တွေ ပိုမိုဖြစ်ပွားစေပါတယ်။ ပြည်သူတွေအနေနဲ့ ဘဝနေထိုင်ရှင်သန်ရေး အတွက် အခြေခံထောက်ပံ့မှုတွေနဲ့ စီးပွားရေးအလုပ်အကိုင်အကွက် အကွင်းတွေကို သူနိုင်ကိုယ်နိုင်အပြိုင်ရရှိရေး ကြိုးပမ်းနေရခြင်းတွေ က ပဋိပက္ခတွေပိုမိုဖြစ်ပွားစေတဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။ 
၂၀၁၇ ခုနှစ်က အရှေ့အာဖရိကမှာ ထိတ်လန့်ကြောက်မက်ဖွယ် မိုးခေါင်ရေရှားခြင်းအပေါ် မချိမဆံ့ ကြံ့ကြံ့ခံခဲ့ရပါတယ်။ အဲဒီအခြေ အနေက ဆိုမာလီယာနိုင်ငံကို ငတ်မွတ်ခေါင်းပါးမှု အခြေအနေကို တွန်းပို့လိုက်တာပဲ ဖြစ်ပါတယ်။ 
ကျွမ်းကျင်သူတွေကတော့   ရာသီဥတုပြောင်းလဲခြင်းကြောင့် ပြင်းထန်တဲ့ ရာသီဥတုဖောက်ပြန်ခြင်းတွေ မကြာခဏဖြစ်လာနိုင်တယ် လို့ သုံးသပ်ဖော်ပြထားပါတယ်။  
ကိုးကား - အေအက်ဖ်ပီ၊ ဆင်ဟွာ