ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၁၆
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး   အိုမီခရွန်   ကာကွယ်တားဆီးနိုင်ရေး  ဝန်ကြီးဌာနများအကြား လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် ကျန်းမာရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပရာ  ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်တို့  တက်ရောက်ကြ သည်။


နိုင်ငံပေါင်း ၈၅ နိုင်ငံတွင် ကူးစက်ဖြစ်ပွားလျက်ရှိ


အစည်းအဝေးတွင်  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း က လက်ရှိတွင်  ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးသည် နိုင်ငံပေါင်း ၈၅ နိုင်ငံတွင် ကူးစက်ဖြစ်ပွားလျက်ရှိပြီး အရှေ့တောင်အာရှဒေသ တွင်းနှင့် မြန်မာနိုင်ငံ၏  အိမ်နီးချင်းနိုင်ငံများတွင် လည်း တွေ့ရှိနေရပြီဖြစ်ပါကြောင်း၊ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး    ဝင်ရောက်လာမှုစောင့်ကြပ် ကြည့်ရှုခြင်းအနေဖြင့်  ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ တပ်မတော်ဆေးသုတေသန တပ်တို့နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့  အသိအမှတ်ပြု ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစစ်ဆေးမှုများ  ပြုလုပ် လျက်ရှိပါကြောင်း၊ လက်ရှိ အချိန်အထိ ပြည်တွင်း၌ အိုမီခရွန် ရောဂါပိုးမတွေ့ရှိသေးပါကြောင်း၊ လက်ရှိ အချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို နိုင်နိုင် နင်းနင်း ထိန်းချုပ်ထားနိုင်နေပြီဖြစ်၍ နေ့စဉ် ရောဂါ ပိုးစစ်ဆေးတွေ့ရှိနှုန်းအနေဖြင့် နှစ်ရာခိုင်နှုန်းခန့်သာ ရှိသည်ကို တွေ့ရှိရပါကြောင်း။


လမ်းညွှန်မှာကြားထား


ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင်  ရောဂါ ဖြစ်ပွားမှု စတင်ကျဆင်းလာစဉ်အချိန်ကပင် နိုင်ငံတော် ဝန်ကြီးချုပ်ကလည်း နောက်ထပ်လှိုင်းတစ်ခုအဖြစ် ဖြစ်ပွားမလာစေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိရန်နှင့်    ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများကို  ကြပ်ကြပ်မတ်မတ်ဆောင်ရွက် ကြရန်  လမ်းညွှန်မှာကြားထားပါကြောင်း၊  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ  မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်အဖြစ်  စတင်ကြေညာသည့်အချိန်ကပင် မိမိတို့နိုင်ငံအတွင်းသို့ အဆိုပါရောဂါပိုးဝင်ရောက်ကူးစက်မှုမဖြစ်ပွားစေရေး   တောင်အာဖရိကနှင့် ဘော့ဆွာနာနိုင်ငံများမှ ခရီးသည်ဝင်ရောက်မှုများ၏ ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ခြင်းလုပ်ငန်းကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီသို့ တင်ပြလမ်းညွှန်မှုခံယူပြီး သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း။


ကိုဗစ်-၁၉ ရောဂါမှာ လူအချင်းချင်းထိတွေ့ရာမှ ကူးစက်ခြင်းဖြစ်၍ အပြည့်အဝ တားဆီးနိုင်ရန် ခက်ခဲ ပါကြောင်း၊  မိမိတို့နိုင်ငံအနေဖြင့်လည်း ရှေ့တွင် ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လှိုင်းများ သည်  နိုင်ငံတကာနှင့်နှိုင်းယှဉ်ပါက   အတန်ငယ် နောက်ကျ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါ၍   ယခု  အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး  ဝင်ရောက်မလာစေရေး တတ်နိုင်သမျှ အချိန်ကြာကြာ တားဆီးထားနိုင်ခြင်း ဖြင့် ပြည်တွင်း၌ ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုမြှင့်တင် ထားရှိနိုင်ခြင်းနှင့်   ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း များကို ပိုမိုပြင်ဆင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ရောဂါပိုးဆိုင်ရာအချက်အလက်များကို  ပိုမိုသိရှိနိုင် မည်ဖြစ်ကာ ပြင်ဆင်ကာကွယ်မှုများပြုလုပ်ရန် အချိန် ပိုမိုရရှိမည်ဖြစ်ပါကြောင်း၊ မျိုးရိုးဗီဇပြောင်းရောဂါပိုး ပြည်ပနိုင်ငံများမှ ကူးစက်ဝင်ရောက်မှုတားဆီးနိုင် ရေးအတွက် လက်ရှိကျင့်သုံးနေသော မူဝါဒများကို ရောဂါကူးစက်မှုသဘာဝအရ  ပြောင်းလဲကျင့်သုံးဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့်  အခက်အခဲ များ၊  အားနည်းချက်နှင့်  လိုအပ်ချက်များကို  ဌာန အသီးသီးမှ ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် လူမှုစီးပွားလုပ်ငန်းများ  ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးအတွက်   ကာကွယ်ဆေး ထိုးနှံခြင်း၊ ဦးတည်အုပ်စုများတွင် ဟိုတယ်နှင့်ခရီးသွား လာရေးကဏ္ဍနှင့် စက်ရုံအလုပ်ရုံလုပ်ငန်းဆောင်ရွက် သူများအား   ထည့်သွင်း၍  ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ  ဦးစားပေးဆောင်ရွက်ပေးနိုင်ခဲ့ပါ ကြောင်း၊  ထို့အတူ  ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ  ပံ့ပိုးမှုများကြောင့်  အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်းများနှင့် Hotel Quarantine ကိစ္စရပ်များတွင် ပိုမိုအဆင်ပြေအောင် ဆောင်ရွက်နိုင် ခဲ့ပါကြောင်း။
တားဆီးကာကွယ်နိုင်ရေး
နိုင်ငံတကာနှင့်အိမ်နီးချင်းနိုင်ငံများတွင် အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး      ရောက်ရှိကူးစက်မှု မြင့်မားလာချိန်တွင်       နယ်စပ်ဒေသများနှင့် လေကြောင်းခရီးလမ်းမှတစ်ဆင့်      နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာသည့်   မြန်မာနိုင်ငံသားများ၊ သံတမန်များနှင့်  ကုလသမဂ္ဂအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များထံမှ  ရောဂါပိုးကူးစက်ဝင်ရောက်နိုင်မှု များကို တားဆီးကာကွယ်နိုင်ရေးအတွက်  ပေါင်းစပ် ညှိနှိုင်း ဆွေးနွေးကြစေလိုပါကြောင်း၊ ထို့အပြင် မျိုးရိုး ဗီဇပြောင်း အိုမီခရွန် ရောဂါပိုးတွေ့ရှိလာပါကလည်း ထိန်းချုပ်ရေးလုပ်ငန်းများ    ဆောင်ရွက်ရာတွင်          ပူးပေါင်းပါဝင်    ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။


လုပ်ငန်းများ နှောင့်နှေးခဲ့ရ


ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က လွန်ခဲ့သော  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုလှိုင်းများ အတွင်း၌   ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင်လည်း လုပ်ငန်းများ   နှောင့်နှေးခဲ့ရပါကြောင်း၊  ရောဂါ        ဖြစ်ပွားမှုလျော့နည်းကျဆင်းချိန်တွင် ကန့်သတ်မှုများ ဖြေလျှော့ခဲ့သော်လည်း အချို့ခရီးသွားနေရာများ တွင်  ရောဂါပိုးပြန်လည်တွေ့ရှိရသဖြင့်   ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ   အချိန်နှင့်တစ်ပြေးညီ ပြန်လည်ဆောင်ရွက်ခဲ့ရပါကြောင်း၊  ကိုဗစ်-၁၉ ရောဂါနှင့် ယှဉ်တွဲနေထိုင်ရာတွင် No-one is safe until everyone is safe ဟု  ဆိုသကဲ့သို့    မိမိတို့ တစ်ဦးချင်းစီမှ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်း များကို ထိန်းသိမ်းလိုက်နာ ဆောင်ရွက်သည့်အခါ မှသာ ရလဒ်ကောင်းများရရှိမည်ဖြစ်ပါကြောင်း။


လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဖြေလျှော့မှုများ ကြားတွင်    စည်းမျဉ်းစည်းကမ်းလိုက်နာမှုများ တဖြည်းဖြည်း လျော့ကျလာပါက  ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာမည်ဖြစ်ပြီး  နိုင်ငံတော် ဝန်ကြီးချုပ်ကလည်း စည်းမျဉ်းစည်းကမ်းတင်းကျပ် မှုများကို  ဂရုစိုက်ဆောင်ရွက်ကြရန်  လမ်းညွှန် မှာကြားထားပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ အနေဖြင့်လည်း  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး          ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ရာတွင်   ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။


ထို့နောက် အစည်းအဝေးသို့  တက်ရောက်လာ သော ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊   ကျန်းမာရေးဝန်ကြီး ဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်  ကုသရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ   ညွှန်ကြားရေးမှူးချုပ်များနှင့်  ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဆွေးနွေးကြသည်။


အချိန်မရွေးဝင်ရောက်လာနိုင်


ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက  မျိုးရိုး ဗီဇပြောင်း  အိုမီခရွန်ရောဂါပိုးသည်  အိမ်နီးချင်း နိုင်ငံများတွင် တွေ့ရှိနေရပြီဖြစ်၍   မိမိတို့နိုင်ငံသို့ အချိန်မရွေးဝင်ရောက်လာနိုင်သည့် အခြေအနေ တွင်ရှိပါကြောင်း၊ အဆိုပါ ရောဂါပိုး ဝင်ရောက်မလာ စေရေးအတွက် တတ်နိုင်သမျှဆောင်ရွက်၍ အချိန် ဆွဲထားရန်လိုအပ်ပါကြောင်း၊ အိုမီခရွန်ရောဂါပိုးနှင့် ပတ်သက်၍ လိုအပ်ချက်နှင့်အညီ မူဝါဒ၊ လမ်းညွှန်ချက် ပြောင်းလဲမှုများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နေရသည်ဖြစ်ပြီး နှီးနွှယ်ဌာနဆိုင်ရာများသို့လည်း အချိန်မီအကြောင်းကြား ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း က  နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရ သည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊     ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူး ချုပ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်