
ဝယ်လင်တန် ဇန်နဝါရီ ၂၅
နယူးဇီလန်နိုင်ငံ၌ ယခုနှစ်အတွက် ပထမစာသင်နှစ်ဝက်ကာလ စာသင်ကျောင်းများ ပြန်ဖွင့်ရန် ပြင်ဆင်လျက်ရှိရာ စာသင်ကျောင်းများ တွင် လေသန့်စင်စက် ၅၀၀၀ တပ်ဆင်သွားရန် ပညာရေးဝန်ကြီး ခရစ်ဟစ်ပ်ကင်က ဇန်နဝါရီ ၂၅ ရက်တွင် ပြောသည်။
ကာကွယ်ဆေးထိုးခြင်း၊ ဆေးစစ်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ခြင်း၊ လူအချင်းချင်း ခပ်ခွာခွာနေခြင်း၊ လေဝင်လေထွက် ကောင်းမွန်ခြင်းတို့မှာ လေထဲမှ ကူးစက်ပျံ့နှံ့သော ဗိုင်းရပ်စ်၏ကူးစက်မှု အန္တရာယ်ကို လျှော့ချပေးနိုင်သည်ဟု ဟစ်ပ်ကင်က ပြောသည်။
စာသင်ကျောင်းများတွင် လေဝင်လေထွက်ကောင်းမွန်ရန်နှင့် လေကောင်းလေသန့်ရရှိရန် တံခါးများနှင့် ပြတင်းပေါက်များ ဖွင့်ထား ရခြင်းမှာ လက်တွေ့မကျဟု ၎င်းကဆက်ပြောသည်။
လေသန့်စင်စက် ၅၀၀ မှာ မတ်လအတွင်း ရောက်ရှိမည်ဟု ခန့်မှန်း ထားပြီး ၄၅၀၀ မှာ ဇွန်လမှ ရောက်ရှိမည်ဟု မျှော်မှန်းထားသည်။ အဆိုပါလေသန့်စင်စက်များကို လာမည့်လများတွင် အချို့သော စာသင် ကျောင်းများ၏ သတ်မှတ်ထားသည့်နေရာများတွင် အသုံးပြုသွားမည်ဟု သိရသည်။
ဆင်ဟွာ