
ရန်ကုန် ဇူလိုင် ၁၇
ကိုဗစ် - ၁၉ လူနာများထားရှိရန် ပြင်ဆင်ဆောင်ရွက်နေသည့် စင်တာများနှင့် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှုများကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ နံနက် ၈ နာရီခွဲတွင် မင်္ဂလာတောင်ညွန့် မြို့နယ် မအူကုန်းစက်ရုံလမ်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းသင်တန်း ကျောင်းဝင်းအတွင်းရှိ အဆောင်လေးဆောင်တွင် လူနာ ၁၀၀ ၊ လှိုင်မြို့နယ် ကိုဗစ်ကုသရေးစင်တာတွင် လူနာ ၇၅၀ ၊ စင်တာများအတွက် ကုသရေးအဖွဲ့များ နှင့် လုပ်အားပေးအဖွဲ့များ အားလုံးတို့အတွက် အိပ်ရာ၊ ခြင်ထောင်၊ ခုတင်နှင့် ရေချိုးခန်း၊ အိမ်သာ များ၊ တကိုယ်ရေသုံးပစ္စည်းများ ပြင်ဆင်နေမှုများ ၊ အောက်ဆီဂျင်လိုအပ်မည့် လူနာများအတွက် အောက်ဆီဂျင်ပိုက်လိုင်း သွယ်တန်းတပ်ဆင်နေမှု များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြချက်များ အပေါ် ကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က လိုအပ်သည် များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့ သည် ကမာရွတ်မြို့နယ် မြန်မာ့သင်္ဘောကျင်း လုပ်ငန်းရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်နေမှုများကို ကြည့်ရူစစ်ဆေးပြီး အောက် ဆီဂျင် လိုအပ်နေသော ပြည်သူများ၏လက်ဝယ်သို့အမြန်ဖြန့်ဖြူးပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ကြ မည့်အုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး လိုအပ်သည်များ မှာကြား ခဲ့သည်။
ကောင်စီဥက္ကဋ္ဌ ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ သည် မွန်းလွဲ ၂ နာရီတွင် မှော်ဘီမြို့နယ် မြောင်းတကာရှိ အမှတ် (၄) ဓာတ်မြေသြဇာစက်ရုံ နှင့် အမှတ် (၂)သံမဏိစက်ရုံများရှိ Oxygen Plant များတွင် အောက်ဆီဂျင်ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လက်ရှိ အောက်ဆီဂျင်ထုတ်လုပ်နေမှုများကို ရှင်းလင်းတင်ပြကြရာ ကောင်စီဥက္ကဋ္ဌ ၊ တိုင်းမှူးတို့က လိုအပ်လျက် ရှိသည့် အောက်ဆီဂျင်များ တိုးမြှင့်ထုတ်လုပ်ရေး အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ၎င်းစက်ရုံသုံးခုမှ အောက်ဆီဂျင် လီတာ ၄၀ ဆံ့ အိုး အလုံးရေ ၁၂၀၀ ကျော် ထုတ်လုပ်နိုင်ကြောင်း သိရ သည်။
ကိုဗစ် −၁၉ ရောဂါ တတိယလှိုင်းတွင် မျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့် ဒုတိယလှိုင်းထက် လူနာများ တွင် အောက်ဆီဂျင်လိုအပ်မှု မြင့်မားနေသဖြင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင်လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့သဖြင့် အောက်ဆီဂျင် လိုအပ်ချက်များကို ဖြည့်တင်းပေး ရန်နိုင်ငံတော်နှင့် တပ်မတော်ပိုင် Oxygen Plant များ၊ ပုဂ္ဂလိကပိုင် Oxygen Plant များမှ တိုးမြှင့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားမှုဖြင့် စေတနာရှင်အလှူရှင်များက စုပေါင်း လှူဒါန်းငွေများဖြင့်လည်း အောက်ဆီဂျင်နှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပနိုင်ငံများမှ မှာယူ တင်သွင်းကာ ဆေးရုံများနှင့် အောက်ဆီဂျင်လိုအပ် သည့် ပြည်သူများထံသို့ ပို့ဆောင်ဖြန့်ဝေပေးလျက် ရှိကြောင်းသိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)