ကိုဗစ်-၁၉ လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ကိုဗစ်စင်တာများ၌ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ  ၇


ကိုဗစ်-၁၉ ရောဂါ  အတည်ပြုလူနာများနှင့်   သီးသန့်စောင့်ကြည့်ရ မည့်သူများ  ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ပရဟိတအဖွဲ့ အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိသည်။ 

 


ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့ ည  ၇   နာရီအထိ နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့် ရမည့်သူ အမျိုးသား ၅၂ ဦးနှင့် အမျိုးသမီး ၄၈ ဦး၊ စုစုပေါင်း ၁၀၀ တို့ကို လက်ခံထားရှိကြောင်း  သိရှိရသည်။

 


အဆိုပါစောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ များ၏  နေထိုင်စားသောက်ရေးနှင့်    ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာ  တိုင်းစစ်ဌာနချုပ်များရှိ   နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက   ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။                                

သတင်းစဉ်