
နေပြည်တော် ဇူလိုင် ၅
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ရောဂါကာကွယ်ရေး ပစ္စည်းများ လွယ်ကူချောမွေ့စွာတင်သွင်းနိုင်ရေးနှင့် ပြည်တွင်း စျေးကွက်၌ စျေးကစားမှုများ ထိန်းချုပ်စီမံ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကုန်စည် ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်း ဝန်၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာန ဆိုင်ရာများမှ ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု Third wave ကူးစက်မှုနှုန်း မြင့်တက်လာခြင်း နှင့်အတူ ရောဂါကာကွယ်ရေး ပစ္စည်းစျေးနှုန်းများ မြင့်တက်မှု မရှိစေရေး၊ စျေးကွက်အတွင်း စျေးကစားမှုများ မရှိစေရေး၊ တင်သွင်းမှု လွယ်ကူလျင်မြန် ချောမွေ့စေရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို အရေးကြီး ကုန်စည်အဖြစ် သတ်မှတ်၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်ကာ ဈေးကွက်အတွင်း ဈေးနှုန်း အဆမတန်မြှင့်တင် ရောင်းချမှု မရှိစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် စစ်ဆေးဆောင်ရွက် လျက်ရှိပြီး စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဈေးကွက် အတွင်း အဓိကလိုအပ်လျက်ရှိ သော Face Mask နှင့် အောက်ဆီ ဂျင်ဘူးများကို အမြန်ဆုံး တင်သွင်း ဖြည့်ဆည်းနိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည့် အတွက် စိုးရိမ်ပူပန်မှုမရှိစေရေး ပြည်သူများသို့ အသိပေးသွားရန် ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်