ကိုဗစ်-၁၉ ကပ်ရောဂါကို ၂ဝ၂၂ ခုနှစ်တွင် အဆုံးသတ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တိုက်တွန်း 


 

ဂျီနီဗာ    ဒီဇင်ဘာ   ၂၁ 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိတ်ချ်အို)က ကိုဗစ်- ၁၉  ကပ်ရောဂါကို   နောက်နှစ်အတွင်း အဆုံးသတ် သွားအောင်   အတူတကွအားထုတ် လုပ်ဆောင်ကြရန်  ကမ္ဘာကြီးကို    ဒီဇင်ဘာ ၂၀ ရက်က   တိုက်တွန်း ပြောကြားလိုက်သည်။ 
ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီက ၂၀၂၂ ခုနှစ် သည် ကိုဗစ်-၁၉ ကပ်ရောဂါ အဆုံးသတ်ရမည့်နှစ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
နှစ်ကုန်တွင် ပျော်ပွဲသဘင်အစီအစဉ်များနှင့်အတူ မိမိတို့အားလုံး   ပုံမှန်အတိုင်း   ပြန်ဖြစ်ချင်ကြောင်း၊ ထို့ကြောင့် ယခုမှစပြီး မိမိတို့ကိုယ်တိုင် ကာကွယ်ရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြား ခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင် ပွဲလမ်းသဘင် အခမ်း အနားများကို ဖျက်သိမ်းလိုက်ခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်ဖြစ်ကြောင်းနှင့် ပွဲလမ်းသဘင်များကို ယခုကျင်းပခြင်းထက်  နောက်ပိုင်းမှကျင်းပခြင်းက ပို၍ကောင်းမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ဆက်လက်ဖော်ပြခဲ့သည်။ 
အိုမီခရွန် ဗိုင်းရပ်စ်သစ်ကို တောင်အာဖရိကတွင် ပထမဆုံး  စတင်တွေ့ရှိခဲ့ချိန်မှစကာ ယခုအခါတွင် နိုင်ငံနှင့်ဒေသ အတော်များများတွင် တွေ့ရှိနေပြီဖြစ် ကြောင်း   ကမ္ဘာ့ကျန်းမာရေးအဖွဲ့က    ဆက်လက် ဖော်ပြသည်။    သို့သော်လည်း     ယခုတွေ့ရှိသည့် အိုမီခရွန်ဗိုင်းရပ်စ်သစ်သည် ဒယ်လ်တာ ကိုဗစ်-၁၉ လောက်  ပြင်းထန်မည်မဟုတ်ကြောင်း၊ သို့သော် လည်း ပိုမိုကူးစက်ပျံ့နှံ့လွယ်ကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ခုခံနိုင်စွမ်းရှိကြောင်း ဆက်လက် ပြောကြားခဲ့သည်။ 
ကိုဗစ်-၁၉   ကာကွယ်ဆေးများကို   မျှမျှတတ မရရှိသေးသည့်အတွက် အကယ်၍ မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို လာမည့်နှစ်အတွင်း အဆုံး သတ်သွားအောင်     လုပ်ဆောင်သွားမည်ဆိုပါက ကာကွယ်ဆေးရရှိမှု မညီမျှချက်ကို ချုပ်ငြိမ်းအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း   ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဆက်လက်ဖော်ပြထားသည်။ 
ဆင်ဟွာ