ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်‌ရန်အတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရေးကိစ္စ ဆွေးနွေး

 

နေပြည်တော်   နိုဝင်ဘာ  ၁၁


ကျန်းမာရေးဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး     ဒေါက်တာ သက်ခိုင်ဝင်းသည် ယနေ့မွန်းလွဲ ပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး နှင့်  ကျန်းမာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ နှင့်   ပတ်သက်၍   မြန်မာနိုင်ငံ ဆိုင်ရာ    အိန္ဒိယသံအမတ်ကြီး H.E. Mr. Saurabh Kumar နှင့် အဖွဲ့အား    ကျန်းမာရေးဝန်ကြီး ဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

 


တွေ့ဆုံစဉ်    မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်‌ရန်အတွက် အိန္ဒိယနိုင်ငံ ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး များ မြန်မာနိုင်ငံတွင် အသုံးပြုနိုင် ရေးကိစ္စ၊   ကာကွယ်ဆေးထိုးနှံ ပြီးစီးကြောင်း အထောက်အထား များ နှစ်နိုင်ငံ အသိအမှတ်ပြု၍ ခရီးသွားလာခြင်းဆိုင်ရာ ကန့်သတ် ချက်များ    ဖြေလျှော့ခွင့်ပြုရေး ဆိုင်ရာကိစ္စ၊  ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းဆိုင်ရာ   COWIN Platform အား နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ    ကိစ္စ၊ အိန္ဒိယနိုင်ငံမှ COVAXIN ကိုဗစ်-၁၉   ကာကွယ်ဆေးကို WHO မှ အရေးပေါ်  အသုံးပြုရန်အတွက် အသိအမှတ်ပြုပြီးဖြစ်ပါ၍ မြန်မာ နိုင်ငံမှ အသိအမှတ်ပြု ကာကွယ် ဆေးစာရင်းတွင်   ထည့်သွင်းနိုင် ရေးကိစ္စ၊       လက်ရှိအချိန်တွင် မြန်မာနိုင်ငံအစိုးရ၏    ကြိုးပမ်း ဆောင်ရွက်မှုများဖြင့် ဝယ်ယူထား သော ကိုဗစ်-၁၉ ကာကွယ်ဆေး များဖြင့်လည်းကောင်း၊ နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှုအရ   လှူဒါန်း ပေးထားသော ကာကွယ်ဆေးများ ဖြင့် လည်းကောင်း မြန်မာနိုင်ငံ တွင်း National Vaccine Deploy-ment Plan အရ ထိုးနှံပေးလျက် ရှိသည့်ကိစ္စ၊ ကျန်းမာရေးဝန်ကြီး ဌာနမှ    အထူးကုဆရာဝန်များ အိန္ဒိယနိုင်ငံသို့    စေလွှတ်ပညာ သင်ကြားရေးဆိုင်ရာကိစ္စ၊ မြန်မာ နိုင်ငံတွင်   State-of-the-Art ဆေးရုံတည်ဆောက်ရေးလုပ်ငန်း များနှင့်ပတ်သက်၍      အိန္ဒိယ နိုင်ငံနှင့်      ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေး   ဆိုင်ရာ ကိစ္စရပ်များနှင့်      စပ်လျဉ်း၍   ဆွေးနွေးကြကြောင်း       သိရသည်။ 


သတင်းစဉ်