
နေပြည်တော် မတ် ၈
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာ နိုင်သည့် စီးပွားရေးသက်ရောက်မှု များအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ အစည်းအဝေးအမှတ် စဉ် (၁/၂၀၂၃)ကို ယနေ့ နံနက်ပိုင်း တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁) ၌ ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် လုပ်ငန်း ကော်မတီဝင်များ ဖြစ်ကြသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနတို့မှ ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ ဌာန ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်း ကော်မတီဥက္ကဋ္ဌက ချေးငွေ ပြန်လည်ပေးဆပ်ရေးဆိုင်ရာကိစ္စ များအတွက် လုပ်ငန်းကော်မတီက ညှိနှိုင်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ချေးငွေပြန်လည် ပေးဆပ်လျက်ရှိသည့် အခြေအနေ များ၊ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေး ကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ် ရမည့်ကာလအား ချေးငွေ သက်တမ်း စေ့ရောက်သည့်နေ့မှ စ၍ နောက်ထပ် တစ်နှစ် ထပ်မံ တိုးမြှင့်ပေးခဲ့သည့် အခြေအနေ၊ ချေးငွေသက်တမ်း သုံးနှစ်ပြည့်ပြီး ကုမ္ပဏီ/ လုပ်ငန်းများမှ ချေးငွေ များ ပြန်လည်ကောက်ခံရေး အစီ အစဉ်၊ အရင်းကောက်ခံရရှိငွေ များအား နိုင်ငံတော်၏ လှည့်ပတ် ရန်ပုံငွေသို့ ပြန်လည်ထည့်သွင်း ရေး အခြေအနေနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာ ကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ် ရမည့်ကာလအား သက်တမ်း တစ်နှစ် ထပ်မံတိုးမြှင့်ပေးမည့် အခြေအနေများကို ဆွေးနွေး သည်။
ဆက်လက်၍ လုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်က ချေးငွေစိစစ်ကြပ် မတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ်/ တိုင်းဒေသကြီးအလိုက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းများအား Success Story စစ်တမ်းကောက်ခံခဲ့သည့် အခြေ အနေများ၊ အတိုးအရင်းကောက်ခံ ရရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြ ဆွေးနွေးသည်။
အစည်းအဝေး တက်ရောက် လာကြသူများက ကိုဗစ်-၁၉ ကြောင့် စီးပွားရေးသက်ရောက်မှု များကုစားရေးအတွက် ဝန်ကြီး ဌာနအလိုက် ဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းများနှင့် ကော်မတီ အနေဖြင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာ ကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရ မည့်ကာလအား သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ပေးမည့် ကိစ္စကို အတည်ပြု ညှိနှိုင်းဆွေးနွေးခဲ့ကြ သည်။
သတင်းစဉ်