နေပြည်တော် ဇွန် ၂၉
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဌာနကိုယ်စားလှယ်များ တက်ရောက်
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များဖြစ်ကြသော အလုပ်သမား ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ ဌာနကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှင်းလင်းဆွေးနွေး
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက လုပ်ငန်းကော်မတီမှ စိုက်ပျိုးရေးကဏ္ဍကို အထောက်အကူပြုရေးအတွက် လုပ်ငန်းကော်မတီ က ဆက်လက်ဆောင်ရွက်ပေးသင့်သည့်ကိစ္စ၊ စီးပွားရေးလုပ်ငန်း အသီးသီးသို့ ချေးငွေထုတ်ပေးခဲ့ခြင်းအပေါ် တိုင်းဒေသကြီး/ ပြည်နယ် အလိုက် ချေးငွေပြန်လည်ပေးဆပ်လျက်ရှိသည့် အခြေအနေ၊ ချေးငွေ ထပ်မံထုတ်ပေးမည့် အခြေအနေများနှင့် လုပ်ငန်းကော်မတီက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက ကိုဗစ်-၁၉ ကြောင့် စီးပွားရေးသက်ရောက်မှုများ ကုစားရေးအတွက် ဝန်ကြီး ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ စီးပွားရေးတည်ငြိမ် ကောင်းမွန်စေရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်



