ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော်  မတ်   ၅   


ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ်   ကုစားရေးလုပ်ငန်းကော်မတီ၏   အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင်   ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။


အစည်းအဝေးသို့    လုပ်ငန်းကော်မတီဥက္ကဋ္ဌ    ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့်  လုပ်ငန်းကော်မတီဝင်များဖြစ်ကြသော   စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ တော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်နှင့်  သက်ဆိုင်ရာ  တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


စီးပွားရေးလုပ်ငန်းများ လျင်မြန်စွာလည်ပတ်နိုင်ရေး


အစည်းအဝေးတွင်    လုပ်ငန်းကော်မတီဥက္ကဋ္ဌက  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏    ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်   ကိုဗစ်-၁၉   ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင် သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားရေးလည်း ပါဝင်ကြောင်း၊    ကျန်းမာရေး   လိုအပ်ချက်အရ ကန့်သတ်ချက်များ ဆက်လက်ဆောင် ရွက်နေရသည့် အခြေအနေကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် အခက်အခဲများ  ထပ်မံပေါ်ပေါက်လာနိုင်ပါကြောင်း၊   မိမိတို့  လုပ်ငန်း ကော်မတီအနေဖြင့်   အဆိုပါထိခိုက်မှုများ  ဆက်လက်ကုစားရာတွင် ကော်မတီ၏    လုပ်ငန်းတာဝန်များကို     ပြန်လည်သုံးသပ်ရေးဆွဲ  ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ လျင်မြန် စွာ လည်ပတ်နိုင်ရေးအတွက်  ဆက်လက်ဆောင်ရွက်ပေးသင့်သည့်         လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း။


လုပ်ငန်းကော်မတီ၏ လုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက်နိုင် ရေးအတွက်  လုပ်ငန်းအဖွဲ့ (Task Force) ဖွဲ့စည်းဆောင်ရွက်ရေးနှင့် COVID-19 Fund မှ  ထုတ်ပေးထားသည့်    ချေးငွေများ  အကျိုးရှိစွာ အသုံးချမှုအပေါ် တိုင်းဒေသကြီး/ ပြည်နယ် စိစစ်ကြပ်မတ်ရေးအဖွဲ့များ ဖွဲ့စည်းရေး ဆောင်ရွက်ရန်ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။


ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး


ဆက်လက်၍    အစည်းအဝေး    တက်ရောက်လာကြသူများက   ရှေ့ဆက်လက်ဆောင်ရွက်မည့်   လုပ်ငန်းစဉ်များနှင့်    ပတ်သက်၍ လည်းကောင်း၊ လုပ်ငန်းကော်မတီသို့ ပေးပို့တင်ပြလာသည့် ကိစ္စရပ် များနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြသည်။   

သတင်းစဉ်