
i ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် “မိမိကစ၍ ကာကွယ်ပါ” ဟူသည် ကာကွယ်ရေးအတွက် အလွန်အရေးပါသည့် သတင်းစကားဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကိုဗစ် - ၁၉ ၏ ကူးစက်ပျံ့နှံ့မှုများက လူတစ်ဦးနှင့် တစ်ဦး ထိတွေ့ရာကနေတစ်ဆင့် ဆက်တိုက်၊ ဆက်တိုက် ကူးစက်သွားသည့် သဘောရှိပါသည်။
i ကိုဗစ် - ၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးက မြေထဲကနေ ထွက်ပေါ်လာခြင်းမဟုတ်၊ လေထဲကနေ ကျလာခြင်း မဟုတ်၊ လူအချင်းချင်း ထိတွေ့ဆက်ဆံကူးလူးရာကနေတစ်ဆင့် ကူးစက်ခြင်းဖြစ်ပါသည်။
i ထိုသို့ကူးစက်သည့်နေရာတွင်လည်း စိတ်ဝင်စားစရာကောင်းသည့်အချက်က ကူးစက်ခံရသည့်သူက ရောဂါပိုးရှိသည့်သူ၏ နှာခေါင်း၊ ပါးစပ်ကနေထွက်လာပြီး တစ်ဖက်လူ၏ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးထဲကို တိုက်ရိုက် သို့မဟုတ် လက်ကနေတစ်ဆင့် ထိတွေ့ပြီး ဝင်ရောက်နိုင်ပါသည်။ နောက်ပိုင်းတွင် ပိုပြီးသိရှိလာသည်က အခုနောက်ပိုင်း မျိုးဗီဇပြောင်းလဲလာသည့် ဗိုင်းရပ်စ်များက အသက်ရှူ လမ်းကြောင်းကနေတစ်ဆင့် တိုက်ရိုက် ဝင်ရောက်သည့်ပိုး များသည်ကို တွေ့ရပါသည်။
i အစပိုင်းက ကာကွယ်ရေးနည်းလမ်းများ အများအပြားပြောခဲ့ကြသော်လည်း နောက်ပိုင်းတွင် Mask တပ်ရန်၊ လက်ဆေးရန်၊ တစ်ယောက်နှင့် တစ်ယောက် (၆) ပေအကွာ ခပ်ခွာခွာနေရန် စသည်တို့သည် အဓိကကျသည့် ကာကွယ်ရေးနည်းလမ်းများ ဖြစ်ပါသည်။ အဆိုပါ နည်းလမ်းများကို လူတိုင်းလူတိုင်း ကျင့်သုံးဆောင်ရွက်လျှင် ယင်းရောဂါဆိုးကနေ ကင်းဝေးမည် ဖြစ်ပါသည်။