
နယူးယောက် ဖေဖော်ဝါရီ ၁၁
ချမ်းသာသောနိုင်ငံအများစု ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေးများဖြန့်ချိချိန် မှစကာ တစ်နှစ်ကြာကာလတွင် ကမ္ဘာ့လူဦးရေထက်ဝက်ကျော် ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးပြီး ဖြစ်သည်။
သို့သော်လည်း ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကာကွယ်ဆေးဖြန့်ချိမှုများ တွင် မညီမျှမှုများ ကျန်ရှိလျက်ရှိ သည်။
ဆင်းရဲသော နိုင်ငံများသည် ချမ်းသာ သောနိုင်ငံများထက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှုန်း များစွာ လျော့နည်းလျက်ရှိကြောင်း ဒီအာကန် ဆက် ဒီမိုကရက် ဂေဇက်တွင် ဖေဖော်ဝါရီ ၁၁ ရက်က ဖော်ပြသည်။
ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူများ က ကာကွယ်ဆေးမညီမျှခြင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကို သက်ဆိုး ရှည်စေကြောင်း သတိပေးထားသည်။
ကမ္ဘာတစ်ဝန်း လူဦးရေ ၅၄ ရာခိုင်နှုန်း နီးပါး ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့် အဝထိုးနှံပြီးပြီဖြစ်သည်။
ထို့အတူ ကမ္ဘာတစ်ဝန်းလူဦးရေ ၆၂ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ် ဆေးအနည်းဆုံး တစ်ကြိမ်ထိုးနှံပြီး ပြီဖြစ်သည်။ သို့သော်လည်း ဝင်ငွေ နည်း ကမ္ဘာ့နိုင်ငံများ၏ ၁၁ ရာခိုင်နှုန်း အောက် လျော့နည်းသူများသည် ကိုဗစ်-၁၉ ကာကွယ်ဆေးအနည်းဆုံး တစ်ကြိမ်ထိုးနှံမှုခံယူပြီးပြီဖြစ်သည်။
ထို့အတူ ဝင်ငွေနည်းမှ ဝင်ငွေ အလယ် အလတ်ရှိသော နိုင်ငံများ၏ ပြည်သူ ၅၅ ရာခိုင်နှုန်းခန့်နှင့် အလယ် အလတ် အထက်ရှိသူနှင့် ဝင်ငွေမြင့်မား သော နိုင်ငံများ၏ ပြည်သူ ၈၀ ရာခိုင် နှုန်းနီးပါးမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးပြီ ဖြစ် သည်။
ဆင်ဟွာ