ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်
၁၃၈၅ ခုနှစ်၊ နယုန်လဆန်း  ၁၂  ရက်
(၂၀၂၃  ခုနှစ်၊  မေလ  ၃၀ ရက်)
ကိုဗစ်-၁၉   ရောဂါပိုး   ကူးစက်ပျံ့နှံ့မှုကို     ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း များ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊ တားဆီးရေးအတွက်   ၂၀၂၃ ခုနှစ်၊  မေလ  ၃၁  ရက်နေ့ အထိ   ထုတ်ပြန်ထားသော   ပြည်သူသို့  ပန်ကြားချက်၊  အမိန့်၊ အမိန့်ကြော်ငြာစာ၊     ညွှန်ကြားချက်များ   (ဖြေလျှော့ပေးမည့် ကိစ္စရပ်များမပါ)   အား   ၂၀၂၃  ခုနှစ်၊    ဇွန်လ   ၃၀  ရက်နေ့အထိ  ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားပါကြောင်း   အသိပေးကြေညာ အပ်ပါသည်။