ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်


၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း  ၂  ရက်
(၂၀၂၂ ခုနှစ်၊   ဇွန်လ   ၂၉   ရက်)


ကိုဗစ်-၁၉  ရောဂါပိုး  ကူးစက်ပျံ့နှံ့မှုကို  ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန်  လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊  ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့  ပန်ကြားချက်၊  အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးမည့် ကိစ္စရပ်များမပါ) အား  ၂၀၂၂  ခုနှစ်၊  ဇူလိုင်လ  ၃၁ ရက်နေ့အထိ  ရက်တိုးမြှင့်  သတ်မှတ်ဆောင်ရွက်ထားပါကြောင်း အသိပေးကြေညာအပ်ပါသည်။