ကိုဗစ်-၁၉ အရေးပေါ်အခြေအနေကို သက်တမ်းတိုးတော့မည်မဟုတ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆူဂါပြော


 

တိုကျို   စက်တင်ဘာ   ၂၈ 


ကိုရိုနာဗိုင်းရပ်စ်အရေးပေါ်အခြေအနေသည် လာမည့်ကြာသပတေးနေ့တွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်ရာ ၎င်းကို သက်တမ်းထပ်တိုးတော့မည်မဟုတ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆူဂါ ယိုရှီဟိဒဲက တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။  
ဂျပန်နိုင်ငံတွင် ဧပြီလမှစကာ အရေးပေါ်အခြေ အနေအားလုံး ရုပ်သိမ်းပေးလိုက်ခြင်းသည် ပထမ ဆုံးအကြိမ်ဖြစ်သည်။
အဆင့်အလိုက် ဗိုင်းရပ်စ်ဆန့်ကျင်တားဆီးရေးဆိုင်ရာ ကြိုတင်ဆောင်ရွက်ထားရှိသည့် ကန့်သတ် ချက်များကိုလည်း တဖြည်းဖြည်းချင်း ရုပ်သိမ်းပေး ချင်ကြောင်း ဆူဂါက ပြောခဲ့သည်။ 
လက်ရှိ  အရေးပေါ်ညွှန်ကြားချက်များအားလုံးကို တိုကျိုနှင့် အိုဆာကာအပါအဝင် ခရိုင်  ၁၉  ခရိုင်ကို လွှမ်းခြုံပြဋ္ဌာန်းထားသည်။  တခြားခရိုင်ရှစ်ခုတွင် အလွန်မတင်းကျပ်သည့် ကိုဗစ်-၁၉ ကန့်သတ်ချက် များ   ထားရှိသည်။  အဆိုပါ ကန့်သတ်ချက်များ အားလုံးသည် စက်တင်ဘာလကုန်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ 
အဆိုပါခရိုင်များရှိ သက်ဆိုင်ရာ တာဝန်ရှိသူများ သည် စားသောက်ဆိုင်များနှင့် ဘားများကို အရက် မရောင်းချရန်    တိုက်တွန်းထားသည်။  ထို့အပြင် ဈေးဝယ်ကုန်တိုက်များနှင့်   ပွဲလမ်းသဘင်  စီစဉ် ကျင်းပသူများကိုလည်း     လာရောက်သူဦးရေ လျှော့ချရန် တိုက်တွန်းထားသည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အချက်အလက် သစ်အရ ဂျပန်နိုင်ငံတွင် လက်ရှိ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည် မြင့်တက်လျက်ရှိကြောင်း ဖော်ပြ သည်။ စက်တင်ဘ ၂၇ ရက်တွင် တိုကျို၏ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပမာဏသည် ခြောက်လအတွင်း ပထမဆုံးအကြိမ်အဖြစ်   ၂၀၀   အောက် ကျဆင်း ခဲ့သည်။ 
အင်န်အိတ်ချ်ကေ