
နေပြည်တော် ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကသာ မြို့နယ်အတွင်း နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ယနေ့နံနက် တွင် နောင်ပင်ကျေးရွာ၊ မိုးဒါးကြီး ကျေးရွာနှင့် ဟဲနားကျေးရွာ (ရွာဟောင်း)များ အနီးသို့ အရောက်၌ KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ က ကျေးရွာအတွင်း လူနေအိမ် များကို အကာအကွယ်ရယူပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် အဖွဲ့များသည် ကျေးရွာများအတွင်းမှ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ ဆုတ်ခွာသွားစဉ် ကျေးရွာများ အတွင်းရှိ နေအိမ်များအား မီးရှို့ ဖျက်ဆီးခဲ့သဖြင့် နောင်ပင် ကျေးရွာတွင် လူနေအိမ် ၁၁ လုံး ခန့်၊ မိုးဒါးကြီးကျေးရွာတွင် လူ နေအိမ် ၄၃လုံးခန့်၊ ဟဲနားကျေးရွာ (ရွာဟောင်း)တွင် လူနေအိမ် ၁၀ လုံးခန့် စုစုပေါင်း လူနေအိမ် ၆၄ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ မီးရှို့ ဖျက်ဆီးမှုများကြောင့် ၂၀၂၂ ခုနှစ် အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ကျေးရွာ ၂၆ ရွာမှ အိမ်ခြေ ၇၁၇ လုံး မီးလောင်ပျက်စီးဆုံးရှုံး ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်များတွင် မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက် သမားများနှင့် ပါဝင်ပတ်သက်သူ များကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ် လျက်ရှိကြောင်းနှင့် နယ်မြေ တည်ငြိမ် အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်