
နေပြည်တော် ဒီဇင်ဘာ ၂၄
ကချင်ပြည်နယ် မိုးကောင်း မြို့နယ် ဆားမှော်မြို့ရှိ နယ်မြေခံ တပ်ရင်းကို KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား အင်အား ၁ဝဝ ခန့်က ယနေ့ နံနက် ၃ နာရီမှစတင်၍ သုံးကြိမ် တိုင် လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ တပ်ရင်းရှိ အရာရှိ၊ စစ်သည် များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ သဖြင့် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ကစဉ့် ကလျားဖြင့် ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
အဆိုပါ တပ်ရင်းသို့ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူး ချုပ် မြတ်သက်ဦးနှင့် တာဝန်ရှိသူ များက ယနေ့ မွန်းလွဲပိုင်းတွင် သွားရောက်၍ ရဲဝံ့စွာတုံ့ပြန် တိုက်ခိုက်ခဲ့သော အရာရှိ၊ စစ်သည်၊ မိသားစုများအားတွေ့ဆုံပြီး လိုအပ် သည်များမှာကြားကာ စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်း များ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်