ချယ်ဆီးကို သရေကျသောကြောင့်  ပရီမီယာလိဂ်သုံးပွဲဆက်  နိုင်ပွဲပျောက်ခဲ့သည့် မန်ယူ


 

ပရီမီယာလိဂ်ပွဲစဉ်   (၁၃)    အဖြစ် အမှတ်ပေးဇယား    ဦးဆောင်သူ ချယ်ဆီးအသင်းနှင့်  မန်ယူအသင်း တို့ပွဲစဉ်ကို    နိုဝင်ဘာ ၂၈ ရက် ညပိုင်းက     ချယ်ဆီးအိမ်ကွင်း စတန်းဖို့ဒ်ဘရစ်၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ   တစ်ဖက် တစ်ဂိုးစီဖြင့်  ပွဲပြီးဆုံးခဲ့သည်။ 
ယခုပွဲစဉ်      သရေကျခဲ့သော ကြောင့်     ချယ်ဆီးအသင်းက ပွဲစဉ် (၁၃) အပြီး ရမှတ် ၃၀ ဖြင့်  အမှတ်ပေးဇယားကို      ဆက်လက် ဦးဆောင်နိုင်ခဲ့ကာ မန်ယူအသင်း က ၁၈ မှတ်ဖြင့် အဆင့် (၈) နေရာ သို့ တက်လှမ်းနိုင်ခဲ့သည်။
ယခုပွဲစဉ်တွင်    ချယ်ဆီး အသင်းရော    မန်ယူအသင်းပါ ပွဲထွက်     ကစားသမား ၁၁ ဦး စာရင်း၌   အဓိက   ကစားသမား လူကာကူနှင့်   စီရော်နယ်ဒိုတို့ကို အသုံးပြုလာခြင်းမရှိဘဲ ဒုတိယ ပိုင်းတွင်မှ  လူစားဝင်ကစားသမား  အဖြစ်   ထည့်သွင်းအသုံးပြု ခဲ့သည်။   ချယ်ဆီးအသင်း သည် ပထမပိုင်းပွဲချိန်တွင် မန်ယူအသင်းအပေါ် သိသိ သာသာ    ဖိအားပေးကစား နိုင်ခဲ့သော်လည်း သွင်းဂိုးများ ရရှိရန် အခက်ကြုံခဲ့ရသည်။ ချယ်ဆီးအသင်းတိုက်စစ်မှ ဇီယက်၊ အိုဒွိုင်း၊ ဝါနာတို့၏ ဂိုးရရှိနိုင်သည့် အခွင့်အရေး ကောင်းများကို မန်ယူခံစစ် နှင့်    ဂိုးသမားဒီဂီယာတို့ သတိကြီးစွာ     ဟန့်တား ရှင်းထုတ်နိုင်ခဲ့သည့်အတွက် ပွဲချိန် ၄၉ မိနစ် ကျော်သည် အထိ သွင်းဂိုးများ မမြင်တွေ့ ခဲ့ရခြင်း ဖြစ်သည်။ 
ဒုတိယပိုင်း  ပွဲချိန်တွင် မန်ယူအသင်း       ကစား အားတက်လာပြီး     အပြန် အလှန် ထိုးဖောက်မှုများဖြင့် ပြိုင်ဆိုင်မှု  ပြင်းထန်လာခဲ့ပြီး ပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ ယခုပွဲစဉ် အတွက်    ဦးဆောင်ဂိုးကို မန်ယူအသင်းက စတင်ရရှိခဲ့ ပြီး ပွဲချိန် မိနစ် ၅၀ တွင် ဆန်ချိုက သွင်းယူပေးနိုင်ခဲ့ သည်။ ဆန်ချိုသည် နည်းပြ ဆိုးလ်ရှား  လက်ထက်တွင် သွင်းဂိုးများရရှိရန်  ရုန်းကန် ခဲ့ရသော်လည်း     ယာယီ နည်းပြ  မိုက်ကယ် ကာရစ် တာဝန်ယူ  ကိုင်တွယ်သည့် နှစ်ပွဲတွင် နှစ်ပွဲစလုံးဂိုးသွင်း ယူနိုင်ခဲ့သည်။ 
ချယ်ဆီးအသင်းသည် ဦးဆောင်ဂိုးခွင့်ပြုပေးလိုက် ရပြီးနောက်  ချေပဂိုးရရှိရေး ကြိုးစားလာခဲ့ရာ ပွဲချိန် ၆၉ မိနစ်တွင်    ပယ်နယ်တီမှ တစ်ဆင့်   ဂျော်ဂျင်ဟိုက သွင်းယူ   ပေးနိုင်ခဲ့သည်။ ချယ်ဆီးအသင်းသည်  ယခု ပွဲစဉ်တွင်  မန်ယူအသင်းဘက် သို့ ဂိုးကန်သွင်းခွင့် ၂၄ ကြိမ် အထိ   ပြုလုပ်ထားနိုင်သော် လည်း     မန်ယူအသင်းက ဂိုးကန်သွင်းခွင့် သုံးကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။   မန်ယူ အသင်းသည် စတန်းဖို့ဒ် ဘရစ်တွင် ချယ်ဆီးအသင်း ကို သရေကျခဲ့သောကြောင့် နောက်ဆုံး   ပရီမီယာလိဂ် သုံးပွဲဆက်နိုင်ပွဲပျောက်ဆုံး မှုနှင့် ကြုံတွေ့ခဲ့ရသည်။  
ချယ်ဆီးအသင်းသည် လာမည့်       ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂ ရက်တွင်  ဝက်ဖို့ဒ် အသင်းနှင့်         ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး   မန်ယူ အသင်းက ဒီဇင်ဘာ ၃ ရက် တွင်  အာဆင်နယ်အသင်း နှင့်   ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။                           
အောင်ဇော်