ခရမ်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဒီရေတောစိုက်ပျိုးပွဲ ကျင်းပ

 

 

ခရမ်း  ဇွန်   ၇   
ရန်ကုန်တောင်ပိုင်းခရိုင်    ခရမ်း မြို့နယ်     ရေကျော်-ဘိုကလေး ဒီရေတော ကြိုးပြင်ကာကွယ်တော အတွင်း   ဒီရေတော    သစ်ပင် စိုက်ပျိုးပွဲကို  ယနေ့နံနက်ပိုင်းက ကျင်းပသည်။  
အဆိုပါ      ဒီရေတောသစ်ပင် စိုက်ပျိုးပွဲတွင်     ခရိုင်သစ်တော ဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး    ဦးဆောင်၍   သန်လျင် မြို့နယ်      သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်း များ၊    ရေကျော်နှင့်    ဘိုကလေး ကျေးရွာတို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်     ဒေသခံပြည်သူများ စုပေါင်း၍ လမုနှင့် သမဲ့  ဒီရေတော သစ်ပင် ၁၅၀၀ ကို သတ်မှတ်နေရာ များတွင် စုပေါင်းစိုက်ပျိုးကြသည်။
ရန်ကုန်တောင်ပိုင်းခရိုင် သစ် တော ဦးစီးဌာနအနေဖြင့် ရေကျော်- ဘိုကလေး       ကြိုးပြင်ကာကွယ် တောအတွင်း  ဒီရေတောသစ်ပင် စိုက်ပွဲတော်          ကျင်းပခြင်း သည် ပင်လယ်ကမ်းရိုးတန်းဒေသ ပတ်ဝန်းကျင်        ထိန်းသိမ်းရေး လုပ်ငန်းများ      တိုးမြှင့်ဆောင်ရွက် နိုင်ရန်၊      သဘာဝဘေးအန္တရာယ် များကို    ကာကွယ်ပေးနိုင်သည့် အစိမ်းရောင်      တံတိုင်းများ တည်ထောင်    ဖွံ့ဖြိုးစေခြင်းဖြင့် ဒေသခံပြည်သူများအား သဘာဝ ဘေးအန္တရာယ်များမှ    ကာကွယ် ပေးနိုင်ရန်၊      ပတ်ဝန်းကျင်နှင့် သဘာဝ    အခြေအနေများ    ပြုစု ထိန်းသိမ်းခြင်းဖြင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း  လုပ်ငန်း များ ဖွံ့ဖြိုးရေးကိုအထောက်အကူဖြစ်စေရန် ရည်ရွယ်၍  စိုက်ပျိုး ပေးခဲ့ခြင်းဖြစ်ကြောင်း       မြို့နယ် သစ်တောဦးစီးဌာန   ဦးစီးအရာရှိ ထံမှ သိရသည်။ ခရိုင်(ပြန်/ဆက်)