ခရီးသည်တွေ ငွေကြေးသက်သာစွာနဲ့ သွားချင်တဲ့နေရာ အချိန်တိုအတွင်း ရောက်နိုင်တယ်၊ သက်သောင့်သက်သာစီးပြီး ပတ်ဝန်းကျင်ရှုခင်းတွေ ကြည့်နိုင်အောင် ဆောင်ရွက်ထားပါတယ်

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန  မြန်မာ့မီးရထား တိုင်း (၉) က ပုသိမ်-ဟင်္သာတ-ကြံခင်း (၁၈၁) အဆန်အမြန်ရထားနှင့် (၁၈၂) အစုန်အမြန်ရထားများ စက်တင်ဘာ ၁၁ ရက်မှစတင်၍  ပြန်လည် ပြေးဆွဲခဲ့ရာ မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းထားပါသည် - 

 


ဦးစိုးမိုးနိုင် 
မန်နေဂျာ၊ သွားလာရေး
ပို့ဆောင်ရေးဌာန  တိုင်းတာဝန်ခံ


မေး    ။    မြန်မာ့မီးရထား တိုင်း (၉) အနေ     နဲ့      အမြန်ရထားပြေးဆွဲနိုင်ဖို့  ပြင်ဆင်ဆောင်ရွက်ခဲ့မှုနဲ့  ပတ်သက်ပြီး  ပြောပြပေးပါရှင့်။ 
ဖြေ    ။    ကျွန်တော်တို့    တိုင်းအနေနဲ့က         အရင်က  လော်ကယ်စာပို့ရထားနဲ့  အမြန်မီးရထား           နှစ်စင်းအပါအဝင် စုစုပေါင်း  ရှစ်စင်းပြေးဆွဲခဲ့ပေမယ့်  ၂၀၂၁ ခုနှစ် ကိုဗစ်-၁၉ ကာလကစပြီး  ရပ်ဆိုင်း ထားခဲ့ရပါတယ်။        ဝင်ငွေရရှိနိုင်တဲ့ လမ်းပိုင်းကလည်း        ပုသိမ်နဲ့ကြံခင်း လမ်းပိုင်းဖြစ်နေတဲ့အတွက်         ပုသိမ်-ကြံခင်းရထားကို ပြန်ပြီးတော့ ဦးစားပေး ပြေးဆွဲခဲ့တာ   ဖြစ်ပါတယ်။   ဒါကြောင့် အရင် ရထားရှစ်စင်းကနေ ဖျက်သိမ်းခဲ့ရပြီး (၁၈၅) အဆန်၊ (၁၈၆)   အစုန်ရထားကို အရင်ဦးစားပေး    ပြေးဆွဲလိုက်ပါတယ်။ အဲဒီလို        ပြေးဆွဲတဲ့အခါမှာ   ကိုဗစ်ကာလ ရဲ့       ဖြေလျှော့မှုတွေ        ရှိလာတဲ့အခါ ခရီးသည်စီးနင်းမှုတွေကလည်း    လိုက်ပါ လာတယ်။    စာပို့ရထား ပြေးဆွဲနေရာမှာ ပြေးဆွဲချိန်များပါတယ်။         များတော့ ခရီးသည်တွေအနေနဲ့       အချိန်ပိုပေးရ တယ်။    ငွေရေးကြေးရေးအားဖြင့်လည်း မီးရထားက       လက်ရှိကားခနဲ့ဆိုရင်  ၁ အချိုး ၃ ဖြစ်တယ်။        အဲဒီတော့ ကျွန်တော် တို့က      နှစ်ဆလောက်သက်သာ တယ်။         ရထားနဲ့သွားတဲ့လာတဲ့ အခါ  အမြန်ရထားပြေးဆွဲတဲ့နေရာမှာ ခရီးသည်တွေအနေနဲ့  သွားချင်တဲ့နေရာ ကို  အချိန်တိုအတွင်း  ရောက်နိုင်တယ်။ 

 


ဒါကြောင့်    အမြန်ရထားပြေးဆွဲမယ့် အစီအစဉ်ကို      နိုင်ငံတော်အကြီးအကဲ ရဲ့ ညွှန်ကြားချက်၊   ဧရာဝတီတိုင်းဒေသ ကြီးဝန်ကြီးချုပ်ရဲ့    ညွှန်ကြားချက်တွေ ရယ်၊     ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာနရဲ့     ညွှန်ကြားချက်တွေနဲ့     (၁၈၁) အဆန်၊ (၁၈၂) အစုန်  မီးရထားပြေးဆွဲဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။       ဒီအမြန် ရထားကြီး            ပြေးဆွဲနိုင်ဖို့အတွက်     တိုင်းအတွင်းမှာရှိတဲ့          စာပို့ရထားတွေမှာ ပြေးဆွဲနေတဲ့  တွဲဟောင်းတွေကို ပြန်ပြီး တော့ မွမ်းမံခြင်း၊ ဆေးသုတ်ခြင်း၊ စက် ခေါင်းများ   ပြုပြင်ခြင်းများ   ဆောင်ရွက် ရပါတယ်။     

 


တစ်ဖက်မှာလည်း      မြစ်ငယ်ကနေ ကျွန်တော်တို့တိုင်းကို        ပို့လိုက်တဲ့ တွဲအသစ်တွေကို      သရက်ဘူတာမှာ ကျွန်တော်တို့   ၁၇ - ၄ - ၂၀၂၂ ရက်နေ့ ကစရောက်ပြီးတော့    သောင်တင်နေ တယ်။ ဘာလို့လဲဆိုတော့  သရက်နဲ့ဥသျှစ် ပင်ကြားမှာ  ရထား မပြေးဆွဲတာ  သုံးနှစ် ကျော်သွားတော့  သံလမ်းတချို့ မြေမြုပ် ပြီး    သစ်ပင်ကြီးငယ်တွေက     ပေါက်နေ တော့ လမ်းပိုင်းတွေက     ဆိုးရွားနေတယ်။ မြစ်ငယ်ကဆွဲလာတဲ့          တွဲဆိုင်းက ဟင်္သာတကိုမရောက်ဘဲ      သရက်မှာ သောင်တင်နေပါတယ်။           အဲဒါကို ကျွန်တော်တို့    ပြည်ထောင်စုဝန်ကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး  ဝန်ကြီးချုပ်တို့ ညှိနှိုင်းပြီးတဲ့အခါမှာ          အဲဒီတွဲကို ဟင်္သာတရောက်အောင်      စီစဉ်ဆောင် ရွက်ပါတယ်။ 
အဲဒီလို         ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ ဦးဆောင်ညွှန်ကြားရေး မှူးက တွဲဆိုင်းတွေကို   တစ်လနဲ့ရောက် အောင်ဆွဲဖို့        စီစဉ်ခဲ့ပေမယ့်လည်းပဲ ဒုတိယဝန်ကြီးက     တစ်လနဲ့မလုပ်ဘဲ လိုအပ်တာကိုပြော၊ ဘာအခက်အခဲရှိလဲ၊  အင်ဂျင်နီယာမှူးကြီး   (မြို့ပြ)   ကရော ဘာလိုအပ်လဲ၊  မင်းတို့လိုအပ်တာကိုပြော ရှစ်ရက်နဲ့လမ်းဖောက်ပြီး  တွဲဆိုင်းတွေကို ဟင်္သာတကိုရောက်ချင်တယ်          ပြောပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ ၄  ရက် နေ့ကစပြီး     ဒီဇယ်ဆီဂါလန်   ၂၄၀၀ ၊ လုပ်သားအင်အား ၁၀၀ ကျော်၊ ဘက်ဟိုး၊ ဒိုဇာသုံးစီးနဲ့  လမ်းပိုင်းအလိုက်     နေ့စား တွေ ငှားပြီးတော့ ကြံခင်း-ဥသျှစ်ပင်ကြား တစ်ပိုင်း၊ ဥသျှစ်ပင်နဲ့  ဘုရားပေါ်ကြား တစ်ပိုင်း၊       ဘုရားပေါ်နဲ့   ကံမကြား တစ်ပိုင်း၊  ကံမနဲ့ သရက်ကြားပိုင်းတစ်ပိုင်း၊ အဲဒီလိုအပိုင်းလိုက်ခွဲပြီးတော့    နေ့စား တွေ၊         အင်ဂျင်နီယာဝန်ထမ်းတွေနဲ့ ပေါင်းစပ်ပြီး            သူ့လမ်းပိုင်းအလိုက် သူတောက်လျှောက်ဖောက်ခဲ့တာ ၁၀   ရက် နေ့မှာ     ကြံခင်းဘူတာကို     တွဲဆိုင်း အသစ်တွေ ရောက်လာတာဖြစ်ပါတယ်။ 

 


ကြံခင်းဘူတာရောက်တော့    တိုင်း ဒေသကြီးဝန်ကြီးချုပ်က     ပထမဆုံး သူကိုယ်တိုင်      တွဲဆိုင်းအသစ်ကြီးကို လာပြီးတော့ ကြိုဆိုမယ်ဆိုပြီး စီစဉ်ထား ပေမယ့် အခြေအနေကြောင့်  ပုသိမ်ကနေ ကြိုဆိုမယ်ဆိုပြီး    ညွှန်ကြားပါတယ်။  ကျွန်တော်တို့   ပြည်ထောင်စုဝန်ကြီးက လည်း အမြန်ရထားပြေးဆွဲဖို့ အစီအစဉ် ကို   ဒီကနေ့ကစပြီး    ချက်ချင်းအမြန် အကောင်အထည်ဖော်     ပြေးဆွဲတော့ ဆိုတဲ့    ညွှန်ကြားချက်အရ   ကျွန်တော်တို့ ရထားတိုင်ပင်တွေ      ရေးဆွဲရပါတယ်၊ လိုအပ်တဲ့  တွဲတွေထပ်မံပြုပြင်ပြီးတော့ ကြံခင်းကို ရောက်နေတဲ့ တွဲဆိုင်းအသစ် နဲ့ လက်ရှိပုသိမ်မှာ မွမ်းမံထားတဲ့ တွဲဆိုင်း အသစ်၊     အဲဒီတွဲဆိုင်းတွေနဲ့   (၁၈၁) အဆန် ၊ (၁၈၂) အစုန်ဆိုပြီး   အမြန်ရထား နှစ်စင်းကို  စက်တင်ဘာလ ၁၁ ရက်နေ့ မှာ ပုသိမ်-ကြံခင်း၊ ကြံခင်း-ပုသိမ် အစုန်/အဆန် ပြေးဆွဲနိုင်ခဲ့ပါတယ်။

 


မေး    ။    အမြန်ရထား           ပြေးဆွဲနိုင်ဖို့         ကြိုတင်ပြင်ဆင်ရတဲ့    လုပ်ငန်း တွေကို   အချိန်တိုအတွင်း   ဆောင်ရွက် ရတာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ ကိုလည်း ပြောပေးပါဦးဆရာ။
ဖြေ    ။    အချိန်တိုအတွင်း ဆောင်ရွက်ခဲ့         ရတဲ့အတွက်     တွေ့ကြုံရတဲ့ အခက်အခဲတွေကတော့   မြို့ပြဌာန ဆိုရင်   အချိန်တိုအတွင်းမှာ လမ်းဖောက် လိုက်ရတာမှာ          ရထားတွဲကြီးကို   တစ်နေကုန်ကို   တစ်နာရီမှာမှ တစ်မိုင်၊  တစ်မိုင်ခွဲ          လမ်းကြောင်းဖော်ပြီးမှ   အနောက်ကနေ       တွဲဆိုင်းကြီးက လိုက်ပြီး     မောင်းရတာ၊   အရှေ့ကနေ ဒိုဇာတွေ၊  ဘက်ဟိုးတွေနဲ့ လမ်းကြောင်း ဖော်ပြီးမှ       နောက်ကနေလိုက်ရတာ တော်တော်လေးခက်ခဲပါတယ်။  ဝန်ထမ်း တွေလည်း   တော်တော်လေးပင်ပန်းပါ တယ်။       ဌာနစုံကဝန်ထမ်းတွေ   ပါဝင်ခဲ့ ပါတယ်၊ စက်ခေါင်းတွေ ပြုပြင်တဲ့အခါမှာ လည်း   သူတို့လုပ်ရတဲ့အနေအထားက အချိန်တိုအတွင်းမှာ   သူတို့လုပ်ရတာ တွဲဆိုင်းတွေ     စစ်ဆေးမွမ်းမံဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ၊        ဆေးတွေ၊ အလုပ်သမားအင်အားတွေကို  မဖြစ်မနေ ဟင်္သာတမှာ        ချက်ချင်းဆေးသုတ်၊ လိုအပ်တဲ့ပစ္စည်းတွေ  ဝယ်ယူပြင်ဆင်ပြီး တော့ ဟင်္သာတ-ပုသိမ်ကို  တိုက်ရိုက် အဆင်သင့်          ပို့ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်     ဒီကနေ့မှာတော့ (၁၈၁)အဆန်၊ (၁၈၂) အစုန် အမြန်ရထားဟာ ချောချော မောမော  ပြေးဆွဲနိုင်တာဖြစ်ပါတယ်။
မေး။    မြန်မာ့မီးရထားအနေနဲ့  အခုလို         အမြန်ရထားပြေးဆွဲနိုင်အောင် ကြိုးစား         ဆောင်ရွက်ပေးမှုအပေါ် ခရီးသည်တွေအနေနဲ့ရော   နိုင်ငံတော် အတွက်ပါ ဘယ်လိုအကျိုးသက်ရောက် မှုတွေ ရနိုင်ပါသလဲရှင်။
ဖြေ    ။    အခုလို အမြန်ရထားကို ပြန်လည်         ပြေးဆွဲနိုင်ဖို့အတွက်   ခရီးသွား ပြည်သူတွေအတွက်   နီးစပ်ရာတွေက တစ်ဆင့်၊ ရုံပိုင်တွေကတစ်ဆင့်   သိရှိ နိုင်အောင်  ဘူတာရုံတွေမှာ    အသံနဲ့ လွှင့်ထားပေးပါတယ်။   ဒီအမြန်ရထား ပြေးဆွဲတဲ့အတွက်     ဘယ်လိုအကျိုး ကျေးဇူးတွေ      ခရီးသည်တွေအနေနဲ့ ရလာသလဲဆိုရင် အရင်က စာပို့ရထားကို ပုသိမ်-ကြံခင်း၊ ကြံခင်း-ပုသိမ် ပြေးဆွဲ တုန်းက ခရီးစဉ်  အစုန်/ အဆန်  တစ်ခု ကို ၁၂ နာရီမောင်းရပါတယ်။  အခု အမြန် ရထား (၁၈၁)  အဆန်ရထားဆို ၉ နာရီနဲ့  မိနစ်     ၅၀  ပဲ     ပြေးဆွဲချိန်ရှိပါတယ်။ နောက် (၁၈၂) အစုန်ဆိုရင်လည်း ပြေးဆွဲ ချိန် ၉ နာရီနဲ့ ၅၅   မိနစ်ပဲရှိတဲ့အတွက် ယခင်စာပို့ရထား    ပြေးဆွဲချိန်တုန်းက နှုန်းနဲ့    ချိန်ထိုးတွက်ကြည့်မယ်ဆိုရင် ခရီးသည်တွေအနေနဲ့   အချိန်နှစ်နာရီ ကျော်   စောပြီးရောက်တာကို   တွေ့ရပါ တယ်။   ဒါဟာ     တိုးတက်မှုတစ်ခုပါ။ နောက်တစ်ခုက ငွေရေးကြေးရေးအနေနဲ့ တွက်ရင်   အမြန်ရထားလို့ပြောပေမယ့် လက်မှတ်များကို     အမြန်ရထားနှုန်း မတင်ပါဘူး၊ စာပို့နှုန်းနဲ့ပဲ  လက်မှတ်များ ကို    သက်သောင့်သက်သာဖြစ်အောင် ဆောင်ရွက်ပေးထားပါတယ်။

 


ကျွန်တော်တို့     သတ်မှတ်တာက အမြန်နှုန်း၊ စာပို့နှုန်း၊  လော်ကယ်နှုန်း ဆိုပြီး အတန်းအစားအလိုက် ခွဲခြားပေ မယ့်    ကျွန်တော်တို့   မီးရထားအနေနဲ့ တိုင်းအတွင်းမှာ   စာပို့နှုန်းနဲ့ပဲ   အမြန် ရထားကို ယူပါတယ်။   သို့သော်လည်းပဲ အထက်တန်းတွဲမှာ စီးချင်ရင်တော့ ရိုးရိုး တန်းရဲ့ နှစ်ဆနဲ့   ရောင်းပေးပါတယ်။ ခရီးသည်တွေ   သက်သောင့်သက်သာ စီးရတယ်၊  ပတ်ဝန်းကျင်ရှုခင်းတွေ ကြည့် ရတယ်၊  နောက်ပြီး  အပေါ့အပါး သွားချင် ရင်လည်း   သန့်စင်ခန်းတွေကိုလည်း    သန့်ရှင်းကောင်းမွန်အောင်     မီးရထား အနေနဲ့ ဆောင်ရွက်ထားပေးပါတယ်။ 

 


ဒီလို   ဆောင်ရွက်နိုင်တာကလည်း  တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ပို့ဆောင် ရေးနဲ့      ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး           ဦးဆောင်ပြီး တာဝန်ရှိတဲ့ ဝန်ထမ်းတွေ၊ အဖွဲ့အစည်း တွေ၊ မီးရထားက   ဌာနစုံဝန်ထမ်းတွေ အားလုံး  ပေါင်းစည်းပြီးတော့     ဒီလို အမြန်ရထားကို အစုန်/အဆန် ပြေးဆွဲ နိုင်ခဲ့တာဖြစ်ပါတယ်။      ဒါကြောင့်   ဧရာဝတီတိုင်းဒေသကြီး  ဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးနဲ့   ဆက်သွယ်ရေးဝန်ကြီး ဌာနက  တာဝန်ရှိသူတွေကို  ကျေးဇူးတင် ပါတယ်လို့ ပြောချင်ပါတယ်။      

 


ဒုရဲမှူး လှသိန်း
ရထားရဲတပ်ဖွဲ့ ၊ အမှတ် ၂၀ တပ်ဖွဲ့ 
ဟင်္သာတတပ်ဖွဲ့မှူး 


မေး    ။    မီးရထား         ရဲတပ်ဖွဲ့အနေနဲ့         ခရီးသွား   ပြည်သူတွေအတွက် လုံခြုံရေးဆောင်ရွက်နေမှုကို   ပြောပြ ပေးပါရှင်။    
ဖြေ    ။    ကျွန်တော်တို့      ဧရာဝတီတိုင်း         ဒေသကြီးအတွင်းမှာ     အမြန် ရထား နှစ်စင်းကို  စတင်ပြေးဆွဲပါတယ်။ (၁၈၁)      အဆန်     (ပုသိမ်-ဟင်္သာတ-ကြံခင်း)ရထားနဲ့   အမှတ် (၁၈၂)  အစုန် (ကြံခင်း- ဟင်္သာတ- ပုသိမ်)  ရထားတို့ ဖြစ်ပါတယ်။  အဲဒီရထားတစ်စင်းစီတိုင်းမှာ ကျွန်တော် တို့ ဆီ က   လုံခြုံရေးဆောင်ရွက် လျက် ရှိပါတယ်။ 
ရထားရဲတပ်ဖွဲ့ရဲ့  အဓိက  ရည်မှန်း ချက်တာဝန်တွေမှာ    ရထားစီးခရီးသည် တွေ လုံခြုံစိတ်ချစွာ  ခရီးသွားလာနိုင်ရေး၊ မြန်မာ့မီးရထားပိုင်ပစ္စည်းများ  လေလွင့် ဆုံးရှုံးမှုမရှိစေရန်   တာဝန်ထမ်းဆောင် ရေး၊ ရထားရဲတပ်ဖွဲ့များရဲ့  အရည်အချင်း ပြည့်ဝရေး၊  စည်းကမ်းကောင်းမွန်စေရေး၊ အစဉ်လေ့ကျင့်ရေးဆိုတဲ့   ရည်မှန်းချက် တာဝန် (၃) ရပ်ကို   အကောင်အထည်ဖော် ဖို့အတွက်  ချမှတ်ထားတဲ့ လုပ်ငန်းတာဝန် (၉) ချက်နဲ့အညီ  ရထားပေါ်မှာ   လိုက်ပါ လာတဲ့     ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေး၊ ရထားပေါ်မှာနဲ့    ရထားဘူတာရုံ   အနီး တစ်ဝိုက်မှာ ခိုးဆိုးနှိုက်မှုတွေ  မဖြစ်ပေါ် စေရန်     ကာကွယ်စောင့်ရှောက်ခြင်း၊ ရထားဘူတာနှင့်      ရထားလမ်းများ၊ စက်ရုံများ    လုံခြုံရေးဆောင်ရွက်ခြင်း၊ မီးရထားပိုင်ပစ္စည်းများ    ပျောက်ဆုံး လေလွင့်မှု       မရှိစေရေးဆောင်ရွက်ပါ တယ်။ နောက်ပြီး ဘူတာရုံများ သန့်ရှင်း ရေးနဲ့ လေလွင့်သူများ မရှိရေးဆောင်ရွက် ခြင်း၊ ရထားဘူတာနဲ့   မြန်မာ့မီးရထား လမ်းတို့မှာ  မှုခင်းကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန်နဲ့         စုံစမ်းဖော်ထုတ် အရေးယူခြင်း၊     ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများ၊ လက်နက်ပုန်းများ သယ်ဆောင် မှုအား   ကာကွယ်တားဆီးရေး၊ မူးယစ် ဆေးဝါးအပါအဝင်  ဥပဒေနှင့်ဆန့်ကျင် သောပစ္စည်းများ      သယ်ဆောင်ခြင်းမှ ကာကွယ်တားဆီးခြင်း၊    အရေးကြီး ပုဂ္ဂိုလ်များရဲ့  ခရီးစဉ်လုံခြုံရေး လိုက်ပါ ဆောင်ရွက်ခြင်း၊    မြန်မာ့မီးရထားရဲ့  ရည်မှန်းချက်များ        အောင်မြင်စေ ရေး      ကူညီဆောင်ရွက်ခြင်းတို့   ဖြစ်ပါ တယ်။
ခရီးသွားပြည်သူတွေအနေနဲ့ အခက် အခဲရှိရင်လည်း ကျွန်တော်တို့  မီးရထား ရဲတပ်ဖွဲ့ဝင်တွေက       ကူညီပြီးတော့ ဆောင်ရွက်ပေးပါတယ်။  တစ်ခါတစ်လေ ကိုယ်ဝန်ဆောင်ခရီးသည်တွေ   မီးဖွား ခါနီး  ပါလာတာရှိတယ်။     အဲဒီအခါမျိုးမှာ သက်ဆိုင်ရာ     မီးရထားဝန်ထမ်းတွေနဲ့ အနီးအနားမှာရှိတဲ့   သက်ဆိုင်ရာဌာန ဆိုင်ရာတွေ၊ ပြည်သူတွေနဲ့   ပူးပေါင်းပြီး ဆေးရုံကြီးတွေ    လိုက်ပို့ပေးတာမျိုး ကူညီဆောင်ရွက်ပေးခဲ့တာ ရှိပါတယ်။ 

 


မေး    ။    ခရီးသွားလာရင်း   ရထားပေါ်မှာ         ရဲတပ်ဖွဲ့အနေနဲ့    တွေ့ကြုံရတဲ့ အခက်အခဲနဲ့   ရထားပေါ်မှာ    ပြစ်မှု ကျူးလွန်တဲ့     ဖြစ်စဉ်လေးတွေရှိရင် လည်း     ပြောပြပေးပါရှင်။
ဖြေ    ။    ရထားစီး   ခရီးသည်တွေအနေနဲ့         ကျွန်တော်တို့ ရထားရဲတပ်ဖွဲ့တွေ သည် ရထားစီးခရီးသည်တွေ   လုံခြုံရေး အတွက်  ရှာဖွေစစ်ဆေးမှုတွေ   လုပ်ရပါ တယ်။    အဲဒီအခါ     ကျွန်တော်တို့ကို ကြည်ဖြူစွာနဲ့    စစ်ဆေးမှုခံယူပေးစေ လိုပါတယ်။       ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာတော့  ခိုးဆိုးမှုနဲ့  ဖမ်းဆီးခံရ တာမျိုး  မရှိသေးပါဘူး။ အဲဒီလို  ခိုးဆိုးမှု နဲ့ ဖမ်းဆီးမှုတွေ မဖြစ်ရအောင် ကျွန်တော် တို့ ရထားရဲတပ်ဖွဲ့အနေနဲ့ ခရီးသည်တွေ ရဲ့ လုံခြုံရေးကို အဓိက  ဆောင်ရွက်ပေး လျက်ရှိပါတယ်။
နောက်ပြီး  ကျွန်တော့်တပ်ဖွဲ့ဝင်တွေ ကိုလည်း      မီးရထားပေါ်လိုက်ပါပြီး တာဝန်မထမ်းဆောင်မီ     ကြီးကြပ်သူ အရာရှိတွေက  လုံခြုံရေးပိုင်းဆိုင်ရာတွေ၊ မှုခင်းပိုင်းဆိုင်ရာတွေ၊  ကြိုတင်ကာကွယ် ရေးတွေ     ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာ မှာကြားပြီး  စနစ်တကျ စေလွှတ် ပါတယ်။ ဒါ့အပြင်  တာဝန်ထမ်းဆောင်စဉ် အခက်အခဲ ရှိ/မရှိ အမြဲအဆက်အသွယ် လုပ်ပါတယ်။    ထူးခြားဖြစ်စဉ်ဖြစ်ခဲ့ရင် လည်း အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက် နိုင်အောင် ဆက်သွယ်မှုတွေ  ဆောင်ရွက် ထားပါတယ်။

 


မေး    ။    ခရီးသွားပြည်သူတွေကို မြန်မာ့         မီးရထား    ရဲတပ်ဖွဲ့ဝင်အနေနဲ့ ပြောချင်တာလေးရှိရင် ပြောပြပေးပါရှင်။
ဖြေ    ။    အဓိကကတော့    ကျွန်တော်တို့ ရဲတပ်ဖွဲ့တွေက    မှုခင်းပညာပေးတဲ့ အပိုင်းတွေ လုပ်သလို၊   ခရီးသွားပြည်သူ တွေကလည်း မှုခင်းအသိဖြစ်တဲ့  ကိုယ့်ရဲ့ ပစ္စည်းတွေ မပျောက်ရှရအောင်   စနစ် တကျ      ထိန်းသိမ်းဖို့လိုပါတယ်။ ဒါ့အပြင် ခရီးသွားရင်း     မလိုအပ်တဲ့    သူစိမ်း တစ်ယောက်ကို ယုံကြည်မှု မလွန်ကဲဖို့ ပြောချင်ပါတယ်။ လိုအပ်ရင် ကျွန်တော် တို့ ရထားပေါ်မှာပါတဲ့  လုံခြုံရေးရဲတပ်ဖွဲ့ ဝင်တွေကို           အကြောင်းကြားပေးဖို့၊ ကျွန်တော်တို့ကလည်း      ပြစ်မှုကျူးလွန် သူတွေကို       အမြန်ဆုံး    ဖမ်းဆီးရမိဖို့ အတွက်    အမြဲတမ်း   အဆင်သင့်ဖြစ် အောင်            ဆောင်ရွက်ထားပါတယ်။  ကျွန်တော်တို့     ရထားရဲတပ်ဖွဲ့အနေနဲ့ ခရီးသည်များရဲ့       လုံခြုံရေးအတွက် လိုအပ်တဲ့  ရှာဖွေစစ်ဆေးမှုတွေ ဆောင် ရွက်တဲ့အခါမှာ   ခရီးသည်တွေဘက်က လည်း ကြည်ဖြူစွာ  ပူးပေါင်းဆောင်ရွက် ပေးဖို့ ပြောလိုပါတယ်။ ရထားရဲတပ်ဖွဲ့နဲ့ ပြည်သူ ပူးပေါင်းပါမှ ရထားစီးခရီးသည် တွေက   လမ်းခရီးတစ်လျှောက် စိတ်အေး ချမ်းမြေ့လုံခြုံစွာနဲ့       သွားလာနိုင်မှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။


တွေ့ဆုံမေးမြန်း - ခင်စန္ဒာဆွေ
(လက်ထောက်ညွှန်ကြားရေးမှူး)