ခရီးသွားမြှင့်တင်ရေးဆိုင်ရာ Virtual Reality ပြခန်း ဆောင်ရွက်ပြီးစီးမှုနှင့်ပတ်သက်၍ ရှင်းလင်းပွဲကျင်းပ

နေပြည်တော်   ဒီဇင်ဘာ   ၉


မြန်မာနိုင်ငံ ခရီးသွားမြှင့်တင်ရေးကို အထောက်အကူ ပြုရန်အတွက်  ပုဂံမြို့ရှိ  Bagan  Information Training Centre (BITC) တွင် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များနှင့် ပြည်သူများ ကြည့်ရှုနိုင် မည့်  နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ခရီးစဉ်ဒေသများ နှင့်  ခရီးသွားဆွဲဆောင်မှုများကို ရိုက်ကူးထားသည့် Virtual Reality ပြခန်း  ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်း အဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ဟိုတယ်နှင့်               ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး       ဒေါက်တာဌေးအောင် တက်ရောက်သည်။


ရှင်းလင်းတင်ပြ


အစည်းအဝေးတွင် Cam Tech လုပ်ငန်းအဖွဲ့ ခေါင်းဆောင်က   နေပြည်တော်ကောင်စီနယ်မြေ အပါအဝင်   တိုင်းဒေသကြီး/ပြည်နယ်အားလုံး၏ ခရီးသွားဆွဲဆောင်မှုရှိသော ပြကွင်းပြကွက်များကို ၃၆၀ ဒီဂရီဖြင့် ရိုက်ကူးပုံဖော်ထားသော Virtual Reality ပြခန်း ဆောင်ရွက်ပြီးစီးမှု၊ ပြခန်းတွင် ပြသ မည့် ဝန်ထမ်းများ သင်တန်းပေးမှုနှင့် ၃၆၀ ဒီဂရီ Video ကို အများပြည်သူ အလွယ်တကူကြည့်ရှုနိုင် ရန် Offline/Online Version ဖြင့် ဆောင်ရွက်ထား ရှိမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အဆိုပါ Virtual Reality ကို သတ်မှတ်နေရာတွင် ပြသဆောင်ရွက်သကဲ့သို့ အခြားသောဒေသများနှင့် နိုင်ငံတကာပြပွဲများ၊ အခမ်းအနားများတွင်လည်း ပြသနိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များ၊ ၃၆၀ ဒီဂရီ Video တွင် ပြသထားသည့် ခရီးစဉ်ဒေသများ၏ ပုံရိပ်အရည်အသွေးအား ယခုထက် ပိုမိုကောင်းမွန် စေရန်၊   ဆက်လက်ရိုက်ကူးမည့်   ဒေသများတွင် ခရီးသွားဆွဲဆောင်မှုရှိသော ပြကွင်းပြကွက်များကို ထိမိစွာ   ထည့်သွင်းရိုက်ကူးဆောင်ရွက်ပေးစေလို သည့်  ကိစ္စရပ်များနှင့်  ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ကမ္ဘောဒီးယားနိုင်ငံ၌    ကျင်းပမည့်   အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ်တွင်   ပြသနိုင်ရေးအတွက် နည်းပညာနှင့် သုံးစွဲရမည့်ပစ္စည်းပိုင်းဆိုင်ရာ လိုအပ် ချက်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် ဆွေးနွေးပြောကြားသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူ များက Virtual Reality ပြခန်းနှင့်ပတ်သက်၍ သိရှိ လိုသည်များ မေးမြန်းမှုအပေါ် Cam Tech လုပ်ငန်း အဖွဲ့ခေါင်းဆောင်က ပြန်လည်ဆွေးနွေးပြောကြား ပြီး  ပြည်ထောင်စုဝန်ကြီးက  လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်