
ထားဝယ် စက်တင်ဘာ ၁၆
ခရီးသွားလုပ်ငန်းနှင့် ပတ်သက်ပြီးတွေ့ကြုံနေရသော အခက်အခဲများ၊ ကူညီပံ့ပိုးရမည့် ကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝိုင်းဝန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယမန်နေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် တနင်္သာရီတိုင်း ဒေသကြီး ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၌ ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် စားဝတ်နေရေးအဆင်ပြေစွာနေနိုင်ရေး၊ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် ခရီး သွားလုပ်ငန်းသည် အဓိကကျကြောင်း၊ တိုင်းဒေသ ကြီးအတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာ သောကြောင့် ပွင့်လင်းရာသီကာလတွင် ခရီးသွား လုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်ကြောင်း၊ မကြာမီ ကာလတွင်သီတင်းကျွတ်ရာသီနှင့် နှစ်ကျိပ်ရှစ်ဆူ တန်ဆောင်တိုင် ဘုရားလှည့်လည်ပူဇော်ပွဲ ရောက်ရှိ တော့မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးသို့ ခရီး သွားနှင့် ဘုရားဖူးဧည့်သည်များဖြင့် ပိုမိုစည်ကား လာနိုင်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးရမည့်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းနှင့် ပတ်သက် ပြီး လိုအပ်သောအကြံဉာဏ်များကို ဝိုင်းဝန်းဆွေးနွေး ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ဖြည့်စွက် ဆွေးနွေးပြောကြားပြီး ကော်မတီအတွင်းရေးမှူး က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ကော်မတီမှ ဆုံးဖြတ်ပေးရမည့် ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းဆိုင်ရာ အမှာစာ များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ကော်မတီဝင်များက တိုင်းဒေသ ကြီးအတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေး အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြရာ တိုင်း ဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်