ခရီးသွားလာမှုအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး မြန်မာ့မီးရထားက လူစီးရထားနှင့် ကုန်ရထားများပြေးဆွဲလျက်ရှိ

 

နေပြည်တော်  စက်တင်ဘာ  ၃ဝ


မြန်မာ့မီးရထားက ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်များ ပို့ဆောင်နိုင် ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၏ Standard Operating Procedure (SOP) လမ်းညွှန်ချက်နှင့်အညီ   စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။


ကိုဗစ်-၁၉    တတိယလှိုင်း အတွင်း ကူးစက်ဖြစ်ပွားမှုကြောင့် နိုင်ငံတော်က    အများပြည်သူ ရုံးပိတ်ရက်  သတ်မှတ်ထားသည့် ကာလအတွင်း  မဖြစ်မနေ ခရီး သွားလာကြမည့် ပြည်သူများနှင့် ကုန်စည်များ အဆင်ပြေချောမွေ့ စွာ       သယ်ယူပို့ဆောင်နိုင်ရန် အတွက် မြန်မာ့မီးရထားမှ ဇူလိုင် ၁၉ ရက်မှစ၍ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင်      အမြန်ရထား တစ်စင်း၊    ရန်ကုန်-ပြည်လမ်း ပိုင်းတွင်    စာပို့ရထားတစ်စင်း၊ ကန့်ဘလူ-မန္တလေး လမ်းပိုင်းတွင် RBE ရထား နှစ်စင်း၊     ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် စာပို့ရထား နှစ်စင်း၊ ပျဉ်းမနား-တောင်တွင်း ကြီးလမ်းပိုင်းတွင် လူစီးကုန်တင် ရထား နှစ်စင်း၊  မော်လမြိုင်-ရေး လမ်းပိုင်းတွင်     လူစီးကုန်တင် ရထားတစ်စင်း၊       သာစည်-ရွှေညောင်လမ်းပိုင်းတွင်   စာပို့ ရထား တစ်စင်းနှင့်       ရန်ကုန် မြို့ပတ်ဆင်ခြေဖုံး   လမ်းပိုင်းများ တွင် RBE ရထား ၂၂ စင်း နေ့စဉ် ပြေးဆွဲပေးခဲ့ပြီဖြစ်သည်။


ယခုအခါ  ရုံးများ၊    စက်ရုံ/အလုပ်ရုံများ   ပြန်လည်ဖွင့်လှစ် နေပြီ ဖြစ်ပါသဖြင့် စက်တင်ဘာ ၂၃ ရက်မှစတင်၍        ရန်ကုန်- နေပြည်တော်လမ်းပိုင်းတွင် လူစီး အမြန်ရထား တစ်စင်း၊ ရန်ကုန်- ပဲခူးလမ်းပိုင်းတွင် RBE    ရထား နှစ်စင်း၊ အင်းစိန်-ဥက္ကံလမ်းပိုင်း တွင် RBE ရထား နှစ်စင်း ၊ ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းတွင် လူစီးကုန်တင်ရထား     သုံးစင်း ထပ်မံတိုးချဲ့၍   နေ့စဉ်  ပြေးဆွဲ ပေးလျက်ရှိသည်။ အောက်တိုဘာ ၁ ရက်မှစ၍       ရန်ကုန်-ပြည် လမ်းပိုင်းတွင် စာပို့ရထားတစ်စင်း နှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်း တွင်  အမြန်ရထားတစ်စင်းတို့ကို ထပ်မံတိုးချဲ့၍    နေ့စဉ်အစုန်/အဆန် ပြေးဆွဲပေးသွားရန် စီစဉ် ထားရှိပြီးဖြစ်သည်။


ထို့အပြင် ရထားစီးခရီးသွား ပြည်သူများ       အဆင်ပြေစွာ သွားလာနိုင်ရေးနှင့်    ကုန်စည် ပစ္စည်းများကို     လိုရာခရီးသို့ ပို့ဆောင်နိုင်ရေးအတွက်    ခရီး သည် စီးနင်းမှုနှင့်   ကုန်တင်ပို့မှု များပြားလာမှုအပေါ်    မူတည်၍ ခရီးသည်နှင့်   ကုန်ရထားများကို ခရီးစဉ်တိုးချဲ့ပြေးဆွဲခြင်း၊ တွဲဆိုင်း များ ထပ်မံတိုးချဲ့၍ နေ့စဉ် စုန်/ဆန် ပြေးဆွဲထားရန် စီစဉ်ထားရှိ ကြောင်း သိရသည်။ 


သတင်းစဉ်