ခရစ္စမတ်ရုံးပိတ်ရက်ကာလ ချောင်းသာကမ်းခြေသို့ လာရောက်အပန်းဖြေသူ များပြား

 

ချောင်းသာ    ဒီဇင်ဘာလ   ၂၅


ပုသိမ်ခရိုင်  ချောင်းသာမြို့ရှိ  ချောင်းသာကမ်းခြေ၌  ယနေ့ နံနက်ပိုင်းက အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေသူ များ စည်ကားများပြားလျက်ရှိသည်။

 


“ဒီနေ့က လာရောက်အပန်းဖြေတဲ့သူ တော်တော်များပါ တယ်။ ခရစ္စမတ်ကာလမှာ  ရုံးပိတ်ရက်၊  အလုပ်ပိတ်ရက် သုံးရက်ဆက်တိုက်ရတော့ နေရာဒေသအစုံက လာလည်ကြ၊ အပန်းဖြေကြတာများပါတယ်”ဟု လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်သူ ဒေသခံ ချောင်းသာမြို့ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ တပ်ခွဲမှူး ဦးသန်းဌေးက ပြောသည်။

 


ချောင်းသာကမ်းခြေသို့   အစိုးရရုံးပိတ်ရက်နှင့်  အများ ပြည်သူအလုပ်ပိတ်ရက်ရှည်မဟုတ်သည့်     နေ့များတွင် လာရောက်လည်ပတ်အပန်းဖြေသူ ယခင်ကထက် နည်းပါး သော်လည်း နေ့ကြီး၊ ရက်ကြီးနှင့် အလုပ်ပိတ်ရက်ရှည်များတွင် စည်ကားများပြားကြောင်း သိရသည်။


ကျော်ကျော် (ပြန်/ဆက်)