
ဘားအံ အောက်တိုဘာ ၃
ဆောက်လုပ်ရေး ဝန်ကြီးဌာန ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၂၀- ၂၀၂၁ ခုနှစ်ဘဏ္ဍာနှစ် ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်၂၀၃၇ ဒသမ ၆ သန်းဖြင့် အဆင့်မြှင်တင် ဆောင်ရွက်ခဲ့သည့် ဘားအံမြို့နယ် ခြံကလေး-တောင်သူကုန်း-ဖအွံ လမ်းနှင့် မိန်းမလှကျွန်း- ဖအွံ လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ လမ်းပိုင်း၌ ကျင်းပသည်။
ဖဲကြိုး ဖြတ်ဖွင့်လှစ်
ဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစော မြင့်ဦး က အမှာစကားပြောကြားပြီး ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်နိုင်ထွန်းက လမ်းနှင့် ပတ်သက်သည့် အချက် အလက်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်း မှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီးခင်ဇော်တို့က ခြံကလေး-တောင်သူကုန်း- ဖအွံလမ်း နှင့် မိန်းမလှကျွန်း- ဖအွံလမ်း ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။
ယနေ့ ဖွင့်လှစ်သည့် ခြံကလေး-တောင်သူကုန်း-ဖအွံ လမ်း နှစ်မိုင် ခြောက်ဖာလုံကို မာန်မြင့်ဟိန်းကုမ္ပဏီနှင့် မိန်းမ လှကျွန်း-ဖအွံလမ်း သုံး မိုင် တစ် ဖာလုံကို စိုးမိုးသူကုမ္ပဏီတို့က တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ် ကာ ယခုအခါ ကွန်ကရစ်လမ်း များအဖြစ် အဆင့်မြှင့်တင်နိုင် ခဲ့ခြင်းနှင့် ဖအွံချောင်းကူးတံတား အရှည် ပေ ၃၆၀ တည်ဆောက် ပြီးစီးခြင်းတို့ကြောင့် ဒေသထွက် ကုန်သီးနှံများကို အချိန်တိုအတွင်း ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ရာ ဒေသခံတိုင်းရင်း သားပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။
ဆက်ကပ်လှူဒါန်း
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခြံကလေးအောင်ရတနာ ကျောင်း တိုက် ဆရာတော်ဘဒ္ဒန္တဝိမလ နှင့် ဖအွံကျေးရွာ ရွှေဖအွံကျောင်းကြီး ဆရာတော် ဘဒ္ဒန္တဥဣန္ဒကတို့ကို ဖူးမြော်ကြည်ညို၍ ဒေသဖွံ့ဖြိုး ရေးနှင့် သာသနာတော်ဆိုင်ရာ များအား လျှောက်ထားတင်ပြပြီး လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ ပြည် နယ်ဝန်ကြီးချုပ်က ဖအွံကျေးရွာ လူမှုကယ်ဆယ်ရေး အဖွဲ့အား လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ငါးလုံးနှင့် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် သံလွင်မြစ်ရေ တိုက်စားမှုကြောင့် မိန်းမလှကျွန်း ကျေးရွာ မြစ်ကမ်းနဖူးပြိုကျမှုကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်သည် ထုံးအိုင် တိုက်နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက် ကုသမှု ခံယူနေသူများအား အာဟာရ ဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ကာ ဆေးရုံတွင် တာဝန်ထမ်းဆောင် လျက်ရှိသော တိုက်နယ်ဆရာဝန်နှင့် ကျန်းမာ ရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြု ချီးမြှင့်ငွေနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ် သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)