
ခင်ဦး အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ အသက် ၁၈ နှစ်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရ သေးသူများနှင့် ကျောင်းသား ကျောင်းသူများကို အောက်တိုဘာ ၂၂ ရက် နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ (မိခင်နှင့်ကလေး ကျန်းမာရေးဌာန)နှင့် ခင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ခင်ဦးမြို့နယ်တွင် အသက် ၁၈ နှစ်အထက်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) အဖြစ် လူဦးရေ သုံးထောင်စာ ရရှိခဲ့ကြောင်း ကာကွယ်ဆေးထိုးနှံပြီးသူ ၇၅၅ ဦးနှင့် အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများအတွက် ကာကွယ် ဆေးထိုးနှံရန် လူဦးရေ ၉၆၀ စာ ရရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူ ၁၅၀ ထိုးနှံပြီးကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
စိုးဝေအောင်(ခင်ဦး)