
ခင်ဦး ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ် ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၉ ရက်က ကျင်းပသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲတို့တွင် ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်တို့က ဆုတံဆိပ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်းရှစ်သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ၁၀ ဦး ယှဉ်ပြိုင်ကစားကြကြောင်း သိရ သည်။
စိုးဝေအောင်(ခင်ဦး)