
နေပြည်တော် ဇူလိုင် ၈
လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနသည် ၁၃၂ ကေဗွီ ညောင်ပင်ကြီး- အောင်ချမ်းသာ ( မုံရွာ ) ဓာတ်အားလိုင်းရှိ OPGW( Optical Ground Wire ) ကြိုးလဲလှယ်ခြင်း လုပ်ငန်းကို ချင်းတွင်းတံတား (မုံရွာ) အနီးတွင် ( ၁၀- ၇- ၂၀၂၁ )ရက်၊ နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ချင်းတွင်းမြစ်ကို ဖြတ်ကျော်၍ သွယ်တန်းမည်ဖြစ်သည်။
OPGW Optical Ground Wire ကြိုး သွယ်တန်းနေစဉ် လုပ်ငန်း ခွင်၏ အထက်နှင့်အောက်ရှိ ချင်းတွင်းမြစ်အတွင်း ရေကြောင်း ကြီးကြပ်ကွပ်ကဲရေးအဖွဲ့က ရေယာဉ်များဖြင့် စောင့်ဆိုင်းပြီး ရေကြောင်း ခေတ္တပိတ်ထားမည် ဖြစ်ပါသည်။ လုပ်ငန်းခွင် တည်ရှိရာ ချင်းတွင်းတံတား (မုံရွာ) ရေကြောင်းကို ဖြတ်သန်းမည့် ရေယာဉ်များ အနေဖြင့် လုပ်ငန်းခွင်မှ လွတ်ကင်းရာနေရာတွင် ရပ်နား စောင့်ဆိုင်း ပြီး ရေကြောင်းကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ ဖြတ်သန်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားသည်။
သတင်းစဉ်