တီးတိန် နိုဝင်ဘာ ၁၇
ချင်းပြည်နယ် ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ် ဒုတိယတိုင်းမှူး (ခေတ္တ-ဟားခါး)၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ များသည် နိုဝင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီက တီးတိန်မြို့ အမှတ် (၂၆၉) ခြေလျင်တပ်ရင်း အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ ဘာသာရေး ခေါင်းဆောင်များ၊ ဒေသခံပြည်သူ များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန့်ဆွန်းထန်က ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ အမှာစကားပြော ကြားပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က နယ်မြေလုံခြုံရေး အခြေအနေများ ပြောကြားသည်။
ထို့နောက် တီးတိန်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း က တီးတိန်ခရိုင် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ များ ရှင်းလင်းတင်ပြပြီး ပြည်နယ် ဦးစီးမှူးများက ကဏ္ဍအလိုက် လိုအပ်ချက်များ တင်ပြဆွေးနွေး ကြသည်။ ဆက်လက်၍ ဒေသခံ မြို့မိ မြို့ဖများနှင့် ဌာနဆိုင်ရာ များက လိုအပ်ချက်များ တင်ပြ ကြရာ မြို့မိ မြို့ဖ ဦးကမ်းလျန်း က မဟာဓာတ်အားလိုင်းရရှိရေး၊ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံ အား ခုတင် ၃၀၀ ဆံ့ ဆေးရုံအဖြစ် တိုးချဲ့ပေးနိုင်ရေးများ တင်ပြရာ ပြည်နယ်အဆင့် တာဝန်ရှိသူများ က ပြန်လည်ဆွေးနွေးကြသည်။
ဆက်လက်၍ ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာ ဝန်ထမ်းများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ကြောင်း သိရ သည်။
မိုးမိုး



